ဆိပ်ဖြူ ဇွန် ၁၇
၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ နံနက် (၂) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူ မြို့နယ်၊ကဇွန်းမနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့် အတူသွားရောက် စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
ဖြစ်စဉ်အား စစ်ဆေးခဲ့ရာ ဆိပ်ဖြူ-ဆော ကားလမ်းအတိုင်း ဆောမြို့မှ ဆိပ်ဖြူမြို့သို့ ဆိပ်ဖြူ
မြို့နယ် ၊ ရေလည် ကျွန်းကျေးရွာနေ စိုးလင်း(ခ)ဖိုးဇော်၊ ၃၈နှစ်မောင်းနှင်လာသည့် ၂ခ/xxx ၊ နီဆန်း(၁ဝ)ဘီး၊ အစိမ်းရောင် ယာဉ်သည် မိုင်တိုင်အမှတ် ၃၄/၆ နှင့် ၃၄/၇ အကြားကုန်းဆင်း အရောက်တွင် ဂီယာ ပြုတ်၍ အရှိန် မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် (၁ဝ)ပေခန့်ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ပြီး ယာဉ်ပေါ်ပါ ခရီးသည် ကျား (၂၀) ဦးအနက် ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမကျေးရွာနေ ဦးမြင့်သန်း (ခ) ညိုသီး၊ ၄၅နှစ် ပါ (၆) ဦးသေဆုံးသွားပြီး ကျန်ခရီးသည် ၁၄ ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ သဖြင့် ယာဉ်မဆင် မခြင်မောင်းနှင်သူ စိုးလင်း(ခ)ဖိုးဇော်အား ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမနယ်မြေရဲစခန်း ယာဉ်(ပ)၁၁/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇/ ၃၃၈/၃ဝ၄-က အရ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ အဆိုပါယာဉ်ပေါ်တွင် ပျဉ်းကတိုး (၄၂)ချောင်း၊ (၄.ဝဝ)တန် တန်ဘိုး(၁ဝ)
သိန်းကျပ်၊ အင်ကြင်း(၄၇)ချောင်း၊ (၄.၃၆) တန်၊ တန်ဘိုး(၈၇၂,ဝဝဝိ/-)၊ စုစုပေါင်းသစ်(၈၉)ချောင်း၊ (၈.၃၆)တန်၊ စုစုပေါင်းတန်ဘိုး (၁,၈၇၂,ဝဝဝိ/-) တို့အား တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမကျေးရွာနေ အောင်တိုးဝင်း(၃၅)နှစ် (ယာဉ်မှောက်သေဆုံး)၏ သစ်များဖြစ် ကြောင်း သိရှိရသဖြင့် ယာဉ်မောင်း စိုးလင်း(ခ) ဖိုးဇော်နှင့် အောင်တိုးဝင်းတို့အား ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမနယ်မြေရဲစခန်း (ပ)၂၃/၂ဝ၁၅ ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment