Sunday, June 28, 2015

မကွေးမြို့ သံဘိုကန်ကျေးရွာတွင် အခြေခံမူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားပြုလုပ်




မကွေး   ဇွန်   ၂၁
          မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် အိုင်ကြီးကျေးရွာအုပ်စု သံဘိုကန်ကျေးရွာတွင် ယနေ့ နံနက် (၀၈း၀၀) နာရီအချိန်က အခြေခံမူလတန်းကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။

          အခမ်းအနားတွင် မကွေးမြို့နယ်ဒုတိယပညာရေးမှုး ဦးဝင်းဖေကအမှာစကားပြောကြားရာ သံဘိုကန် ကျေးရွာ့ အခြေခံမူလတန်းကျောင်းကိုပထမအဆင့် ယနေ့ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သဖြင့် ကျောင်းသား/သူများသည် မိမိရွာတွင်သာကျောင်းပညာများသင်ကြားနိုင်ကြပြီဖြစ်ကြောင်း၊ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်းကျောင်းနေအရွယ်ကလေးတိုင်းကျောင်းတက်နိုင်ရေးစိမံဆောင်ရွက်ပေးလျှက်ရှိရာ ယ္ခုဆိုလျှင်ကျောင်းသုံးစာအုပ်များအား အခမဲ့ထုပ်ပေးလျှက်ရှိကြောင်း၊မိဘများအနေဖြင့် မိမိတို့ဧ။်သားသမီးများအားကျောင်းသို့ရောက်ရှိအောင်ပို့ပေး စေလိုကြောင်း ကျေးရွာအုပ်ချုပ်ရေးမှုးများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်စေလိုကြောင်းစသည်ဖြင့်ပြော ကြားသည်။

          ဆက်လက်၍ သံဘိုကန်ကျေးရွာ အ.မ.က(ခွဲ) ကျောင်းဖြစ်မြောက်ရေးအတွက် စွမ်းစွမ်းတမန်ဆောင် ရွက်ပေးခဲ့ကြသောသဟပုညကာရီပရဟိတအသင်း(မကွေး)နှင့် စေတနာရှင်အလှုရှင်များ အားဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီး ကျေးရွာပြည်သူများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ သည်။

          အဆိုပါအ.မ.က(ခွဲ)ကျောင်းမှာ အကျယ်-၆၀-ပေ၊ အနံ-၄၀ပေရှိပြီးကျောင်းမြေနေရာ(၁.၅)ဧကအား မကွေးမြို့ သာသနာ့သိပံကျောင်းဆရာတော် ဦးနာသေနကလှုဒါန်းခြင်းဖြစ်ပြီးကျောင်းဆောင်သစ်အားသဟပု ကာရီပရဟိတအသင်းမှလှုဒါန်းငွေသိန်း(၆၀)ကျပ်နှင့်ဆရာတော်ဦးဝိလာသ၊ဦးလာဘိက၊ကျောင်းကော်မတီဝင် (၇)ဦးတို့ကဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ညီညီ

0 comments:

Post a Comment