မကွေး ဇွန်
၃
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့်
တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အား လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်မည့်
မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အထူးစီမံချက်(ယင်းမာ)အရ ၂၀၁၅ခုနှစ် မေလ ၂၆ ရက်မှ
ဇွန်လ ၂၆ ရက်နေ့အထိ တစ်လတာ အထူးကာ လအဖြစ် သတ်မှတ်လျက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ
မကွေးမြို့နယ် ကံပြားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီက
မူးယစ်ဆေးဝါး အသိပညာ ပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့်အသိပညာပေး လက်ကမ်းစာစောင်
ဖြန့်ဝေခြင်း အခမ်း အနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ဦးစီးအရာရှိ ဦးမြင့်သန်းမှ မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲနှင့်ပြပွဲများပြုလုပ်ရခြင်း၏
ရည်ရွယ်ချက်ကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဌေးဦးမှ မူးယစ်ဆေးဝါးအန္တရာယ်၊မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်
တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေး နှင့်ပတ်သက်၍လည်းကောင်း၊အမှတ်(၁၅)မူးယစ်တပ်ဖွဲ့စု-ခေတ္တတပ်ဖွဲ့စုမှူး
ဒုရဲမှူး ညွန့်ဝင်း က မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးနှင့်ပြည်သူလူထုမှ
ပူးပေါင်းပါဝင်သောတားဆီး နှိမ်နှင်းရေး နှင့် အမှတ်(၄)ယာဉ်ထိန်းရဲ ဒုရဲမှူး အောင်နိုင်မိုးမှ
ယာဉ်စည်းကမ်း လမ်းစည်းကမ်းအကြောင်း သိကောင်းစရာများကို သိပညာပေး ရှင်းလင်းပြောကြားခဲ့ကြပြီး
အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော ဌာနဆိုင်ရာများ၊ဆရာ/ဆရာမများနှင့်
ကျောင်းသား ကျောင်းသူများအား ခရိုင်ပြန်/ဆက်မှထုတ်ဝေသည့် ဖန်ခါးမြေ ပညာပေး လက်ကမ်း
စာစောင်နှင့်မကွေးမြို့နယ်ရဲတပ်ဖွဲ့မှထုတ်ဝေသည့် ဥပဒေရေးရာ သိမှတ်စရာ ပညာပေးလက်ကမ်း
စာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး၊ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်
နှင့်ဓာတ်ပုံများကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment