ပခုက္ကူ ဇွန် ၂
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် သုတေသနအင်းအဖြစ် ဆောင်ရွက်လျက်ရှိသည့်
မအူအင်းမှ တိုင်းရင်းငါးမျိုး ငါးနက်ပြာ(၈လက်မအရွယ်) (၇၅)ကောင်၊ ငါးနုဆန်း(၁၀လက်မအရွယ်)
(၁၅)ကောင် နှင့် ငါးနှောက်သွား (၆လက်မအရွယ်) (၃၅)ကောင်တို့ကို ရေစကြိုမြို့နယ်၊ ၀ါယာကျေးရွာ
ဦးကြည်လင်၏ တစ်ပိုင်တစ်နိုင် ငါးသားပေါက်ကန်အတွင်းသို့ မျိုးငါးများအဖြစ်ပြုစုမွေးမြူရန်
ဇွန် (၂)ရက် နံနက် (၁၀း၃၀)မိနစ်အချိန်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါလွှဲပြောင်းပေးအပ်ပွဲတွင် ပခုက္ကူခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး
ဦးကျော်စန်းဝင်းနှင့် ၀န်ထမ်းများ၊ မအူကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရေလုပ်သားများ
တက်ရောက်ခဲ့ကြပြီး ကျန်တိုင်းရင်း ငါးဇင်ရိုင်းအကောင်(၂၀၀)နှင့် ငါးဖယ်(၂၀)ကောင်တို့ကို
ချင်းတွင်းမြစ်နှင့်ဆက်စပ်နေသော ချောင်းအတွင်း မျိုးစိုက်ထည့် ဆောင်ရွက်ခဲ့ကြောင်းသိရိသည်။
ဥာဏ်တိုး
(IPRD)
0 comments:
Post a Comment