Thursday, June 4, 2015

လယ်ယာမြေပုံစံခွန်များမရရှိ၍တောင်သူများရသင့်သည့်အခွင့်အရေးများဆုံးရုံးနေ



      
ဇွန်လ   ရက်
              မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နယ် ကိုးပင်ကျေးရွာအုပ်စု ကိုးပင်
တောင်ကွင်း  ကွင်းအမှတ်၅၂Aကွင်းလယ်ယာမြေများကို ၁၉၈၄ ခုနှစ်တွင် တောင်သူ ၁၂ပိုင်းသည့် ၁၀၈ဧကကိုနိုင်ငံပိုင်အမှတ်၁၀၂သစ်စက်မှသိမ်းယူထားခဲ့သည်ဟုတောင်သူများမှပြောပါသည်။

သစ်စက်မှသိမ်းယူပြီးသစ်စက်နှင့်လွတ်သည့်လယ်ယာမြေများကိုမူလမြေပိုင်ရှင်များဖြစ်သောဦးပိုင်
(၂၈)လုပ်ကိုင်သူဦးကရီယားပရာဆပ်(ခ)ဦးသိန်းရွှေ|တီးခါရီ(ခ)ဦးတင်ရွှေ|ဦးရပ်ချန်းဒါးးတို့မှ   အခ ကျေးငွေများပေး၍ယခုအချိန်အထိလယ်ယာများကိုပြုလုပ်နေကြသည်ဟုကိုးပင်တောင်ကွင်း၅၂Aကွင်း၌
လယ်ယာမြေများကိုလုပ်ကိုင်သူဦးတင်ရွှေမှပြောပါသည်။ကိုးပင်တောင်ကွင်း၅၂Aကွင်းးတွင်လုပ်ကိုင်
သည့်တောင်သူများပြောပြသည်မှာတောင်သူ၁၂ဦး၏လယ်ယာမြေ၁၀၈ဧကကိုသိမ်းယူထားခဲ့ပြီး ၂၀၁၀ ခုနှစ်က  ၈ ဧက ကိုစိုက်ပျိုးရေးနှင့်မွေးမြူရေးမှသိမ်းယူခြင်း| နိုင်ငံပိုင်အမှတ် ၁၀၂ သစ်စက်မှလည်းသစ်စက်အတွက်လိုအပ်သည့်၃.၄၅ဧကလနယူပြီးကျန်ရှိနေသောလယ်ယာမြေများ
ကိုပြန်စွန်လွတ်သဖြင့်လယ်ယာပိုင်ဆိုင်သူများမှပုံစံခွန်ရ်ရှိရန်ဆောင်ရွက်နေကြသည်ဟု
ဦးတင်ရွှေမှပြောပါသည်။

             ကိုးပင်တောင်ကွင်း ၅၂ Aကွင်း၌လယ်ယာမြေများကိုလုပ်ကိုင်ကြသည့်တောင်သူ
များပြောပြသည်မှာ နှစ်ပေါင်း ၄၀ ခန့်လယ်ယာမြေများကိုလုပ်ကိုင်နေရသော်လည်း ပုံစံခွန် မရှိသ
ဖြင့် တောင်သူတွေ ချီးလို့ရသည့် စိုက်ဘဏ် ထုတ်ယူလို့မရခြင်း| လယ်ယာသုံးစက်ပစ္စည်းများကို
အရစ်ကျထုတ်ယူလို့မရခြင်း| စသောတောင်သူများရသင့်သည့်အခွန့်အရေးများဆုံးရှုံးနေသည်ဟု
ပြောပါသည်။၁၉၈၄ ခုနှစ်က နိုငိငံပိုင်သစ်စက်၁၀၂အတွက် ကိုးပင်တောင်ကွင်းကွင်အမှတ် ၅၂A ကွင်းတောင်သူ၁၂ဦးပိုင်ဆိုင်သည့်၁၀၈ဧကကိုသိမ်းဆည်းထားသည့်စာရွက်စာတန်းအထောက်အထား
များမြေစာရင်တွင်မရှိဟုလယ်ယာမြေများကိုသိမ်းဆည်းခံထားရသည့်တောင်သူများမှပြောပါသည်။

              ၁၉၈၄ ခုနှစ်က ကိုးပင်တောင်ကွင်း ကွင်းအမှတ် ၅၂Aကွင်းအမှတ်ကို တောင်သူများစီမှ၁၀၈ဧကသိမ်းဆည်းခဲ့ပြီး၂၀၁၀ခုနှစ်ကမှာ၈ဧကကိုစိုကိပျိုးရေး
နှင့်မွေးမြူရေမှသိမ်းယူခြင်း|၁၀၂သစ်စက်အတွက်၃.၄၅ဧကကိုလနယူပြီးကျန်ရှိနေသေးသည့်
လယ်ယာမြေများကိုစွန့်လွတ်ပြီးပြီဟုသစ်စက်မှုတာဝန်ရှိသူတစ်ဦးမှပြောပါသည်။သရက်မြို့မြေစာရင်ဌာန ၅၂ Aကွင်း ကိစ္စ
ကိုမေးမြန်းရာ ၁၀၂ သစ်စက်က စွန့်လွတ်လိုက်သည်ဆိုပေမဲ့ ဝန်ကြီးဌာနက  စာမရောက်သေး
ဟုပြောပြီး ရောက်ရှိလာရင်တော့ ပုံစံခွန် လျှောက်ထားသူကိုကန့်ကွက်မဲ့သူမရှိရင် ပုံစံ ခွန်များချပေး
လို့ရသည်ဟုမြေစာရင်းဌာနမှဦးစီးမှုးမှပြောပါသည်။

                                ဇာဇာ(မ ကွေး)သမီး(မင်းဘူး)

0 comments:

Post a Comment