Monday, June 1, 2015

မြို့တွင်းလမ်း အဆင့်မြင့်တင် ဆောင်ရွက်




ပေါက်     မေ     ၂၈
          မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် ရံပုံငွေဖြင့် ဆောင်ရွက်သော ပေါက်မြို့ အောင်တံခွန်ရပ်ကွက် ဒေါ်ထပ်ကြီး လမ်းနှင့် အောင်ချမ်းသာရပ်ကွက်ရှိ တပင်ရွှေထီးလမ်း(၄၈၆’×၁၂’) ကတ္တရာခင်းခြင်း လုပ်ငန်းခွင့်ပြုငွေ ကျပ်သိန်း(၁၀၀)ဖြင့် ၂၀၁၅ခုနှစ် မေလ ၁၂ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သည်။
          ထိုသို့ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို မြို့နယ်စည်ပင် အမှုဆောင်အရာရှိ မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ရာ တာဝန်ခံ အင်ဂျင်နီ ယာ ဦးစိုးမိုးကျော်မှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။
          အဆိုပါလမ်းမှာ ယခင်ကကျောက်ချောလမ်းဖြစ်ပြီး မိုးတွင်းကာလတွင် သွားလာမှု အခက်အခဲရှိပြီး ကတ္တရာလမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ယခုအခါ ၄င်းလမ်းများသို့ ရာသီမရွှေး သွာလာအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment