အောင်လံမြို့နယ်ငမဲကန်အုပ်စုအောင်ညီသာရွာနေတောင်သူဆလိုင်းအောင်ကြည်က၎င်းအမည်ပေါက်ရရှိထားသော
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ
(၇)ကိုအောင်လံမြို့နယ်လယ်ယာမြေစီမံခန့်ခွဲမူ့အဖွဲ့ကသိမ်းဆည်းထားပြီး
မိမိပိုင်ယာမြေအတွင်းဝင်ရောက်လုပ်ကိုင်
ခြင်း မပြုရန်တားဆီးခံနေရ၍မိမိပိုင်ယာမြေနှင့်လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)များလက်ရောက်ပြန်လည်ရရှိ
ှိရေးညှိနိုင်းဆောင်ရွက်ပေးပါရန်၁.၆.၂၀၁၅နေ့ကသရက်ခရိုင်လယ်ယာမြေစီမံခန့်ခွဲမူ့အဖွဲ့ဥက္ကဌထံလျှောက်ထားပြီးမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ်သို့မိတ္တူပေးပို့ထားကြောင်း သ
တင်းရရှိပါသည်။
အောင်လံမြို့နယ်၊မဟာဇင်အုပ်စု ၊တောင်မြှောင်ကျေးရွာ၊ကွင်းအမှတ်၂၂၄၊
ကွင်းအမည်-တောင်မြှောင်ကွင်း၊ဦးပိုင်အမှတ်-N/၁၉၊မြေချိန်ဧရိယာ၇.၅၀ဧက
နှင့်ပတ်သက်၍တောင်သူဆလိုင်းအောင်
ကြည်(၈/မထန(နိုင်)၀၆၄၂၉၄)၏ဘိုး
ဘွားစဉ်ဆက်ဓါးမဦးချလုပ်ကိုင်လာသော
ယာမြေများဖြစ်ပြီးအမည်ပေါက်ပုံစံ(၇)
ထုတ်ပေးခဲ့သည်ကိုမဟာဇင်အုပ်စု
အုပ်ချုပ်ရေးမှူးကလက်ဝယ်သိမ်းထားကာ
ဦးဖြူထီးအားဝင်ရောက်လုပ်ကိုင်ခွင့်ပြု
ခဲ့ပါသည်။ဥပဒေမဲ့မမှန်မကန်ဆောင်ရွက်
သူမဟာဇင်အုပ်စုအုပ်ချုပ်ရေးမှူးအားအရေးယူပေးပါရန်မကွေးတိုင်းဒေသကြီး
အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံဆလိုင်းအောင်
ကြည်ကတိုင်ကြားခဲ့ကြောင်းသိရပါသည်။
မဟာဇင်အုပ်စုအုပ်ချုပ်ရေးမှူးက၎င်းလက်
ဝယ်သိမ်းဆည်းထားသောလယ်ယာမြေ
လုပ်ပိုင်ခွင့်ပုံစံ(၇)အား၁၇.၂.၂၀၁၅နေ့
တွင်အောင်လံမြို့နယ်လယ်ယာမြေစီမံ
ခန့်ခွဲမူ့အဖွဲ့သို့ပြန်လည်ပေးအပ်ခဲ့ပါသည်။
ဆလိုင်းအောင်ကြည်ကအောင်ညီသာရွာ
သို့ပြောင်းရွေ့သွားရာတွင်ယာမြေ များ
စောင့်ရှောက်လျှက်လုပ်ကိုင်စားသောက်ရန်အပ်နှံခဲ့သောတူမတော်စပ်သူမမြမူသို့
မြို့နယ်လယ်/စီက၃ဧကခွဲဝေပေးပြီးသဘောတူကြောင်းလက်မှတ်ရေးထိုးခိုင်းခဲ့
ပါသည်။လက်မှတ်မထိုးဘဲနေ၍
့်ပုံစံ(၇)ကိုထုတ်မပေးဘဲ
အခင်းဖြစ်ယာမြေသို့ဆလိုင်းအောင်ကြည်ဝင်ရောက်လုပ်ကိုင်ခြင်းအားတား
မြစ်ပြီးဦးဖြူထီးလုပ်ကိုင်နေခြင်းအားခွင့်ပြု
ထားသဖြင့်တောင်သူလုပ်ငန်းများလုပ်ကိုင်ရန်နှောင့်နှေးကြန့်ကြာလျှက်နစ်နာနေ၍သရက်ခရိုင်လယ်/စီဥက္ကဌထံပုံစံ(၇)့
နှင့်လုပ်ပိုင်ခွင့်ရယာမြေများလက်ရောက်ပြန်လည်ရရှိနိုင်ရေးညှိနိုင်းဆောင်ရွက်ပေးပါရန်လျှောက်ထားခြင်းဖြစ်ကြောင်းသိရပါသည်။``ဆလိုင်းအောင်ကြည်ကတူမတော်စပ်သူမမြမူသို့မိမိယာမြေခွဲဝေလုပ်ပိုင်ခွင့်ပေးခြင်းမပေးခြင်းသည်မိမိ
၏လွတ်လပ်သောသဘောဆန္ဒအရဆောင်ရွက်ရမှာဖြစ်ကြောင်း၊မြို့နယ်လယ်/စီကအတင်းခွဲဝေပေးနေခြင်းကြောင့်ရိုးသားမူ့မရှိဟုထင်မြင်မိကြောင်း၊
မိမိအားအကြပ်ကိုင်ဆောင်ရွက်ရာရောက်နေကြောင်း၊၎င်းအဖွဲ့ညှိနိုင်းခြင်းကို
သဘောမတူ၍လက်မှတ်ရေးထိုးမပေး
သဖြင့်မိမိအမည်ပေါက်ပုံစံ(၇)များထွက်ရှိ
ပြီးဖြစ်ပါလျှက်ထုတ်မပေးခြင်းသည်တရားနည်းလမ်းမကျမျှတမူ့မရှိကြောင်း´´
မြေလတ်မီဒီယာဂျာနယ်သို့ပြောပြ
ခဲ့ပါသည်။
ဘဦး(သရက်)
သတင်းထောက်
0 comments:
Post a Comment