တောင်တွင်း ဇွန်
၂၈
၂၀၁၅
ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ ညနေ (၄း၂၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး
ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပိုးဇာခင်းကျေးရွာ၏ မြောက်ဘက် (၁)ဖာလုံခန့်အကွာ
ညောင်ပင် အောက် တွင် အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း ဆယ်အိမ်စုမှူး ဦးလှဟန်၏
ရွာဖုန်းဆက် အကြောင်းကြား ချက်အရ ဆတ်သွားနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ
သက်သေများ နှင့်အတူ သွားရောက်စစ်ဆေး ရာ သေဆုံးသူမှာ ပိုးဇာခင်းကျေးရွာနေ မဂွမ်းပုံ
(၂၇)နှစ်ဖြစ်ပြီး ပက်လက်အနေအထားဖြင့် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိဘဲ
သေဆုံးနေသည်ကို တွေ့ရှိရ၍ ၄င်း၏ ယာဘက်ဘေးတွင် အရက်ဖြူများ ထည့် ထားသည့်
(၄)ပုလင်းဆံ့ ပလပ်စတစ်ပုံး တစ်ပုံး ထောင်လျက် တွေ့ရှိပြီး သေဆုံးသူမှာ ယခင်ကလည်း
အရက်အလွန်အကျွံ သောက်တတ်သူ ဖြစ်ကြောင်း ၄င်း၏မိသားစုမှ ပြောပြသိရှိရသဖြင့် ဓမ္မတာအ
တိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေး နိုင်ရန် တောင်တွင်းကြီးမြို့နယ်၊
ဆတ်သွားနယ်မြေရဲစခန်း သေ မှုသေခင်း အမှတ်စဉ် ၆/၂၀၁၅ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ထားကြောင်း
သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment