Monday, June 1, 2015

ပွင့်ဖြူမြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်




ပွင့်ဖြူ     ဇွန်    
          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ ရွေးကောက်ပွဲ ဆိုင်ရာအသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဗိုလ်ဥတ္တမခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

          အခမ်းအနားတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်နယ်မြေ တာဝန်ခံ တို့မှရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ မှဥက္ကဌ ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ CSO လူမှုမိတ်ဖက် အဖွဲ့အစည်းမှတာဝန်ရှိသူများနှင့်ပါတီ(၃)ပါတီမှတာဝန်ရှိသူများအား မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ရွေးကောက်ပွဲ အရာရှိမှ လွှတ်တော်သုံးရပ် ၊ဥပဒေ၊နည်းဥပဒေ၊လုပ်ငန်းလမ်း ညွှန်နှင့်ရွေးကောက်ပွဲ ဆိုင်ရာများကို အသိပညာပေးဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရသည်။

          အဆိုပါသင်တန်းသို့ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများနှင့်ပါတီဝင်များ၊CSO လူမှုမိတ် ဖက်အဖွဲ့အစည်းမှတာဝန်ရှိသူများ စုစုပေါင်း(၁၄၇)ဦး တက်ရောက်ခဲ့ကြပြီး၊ ယခုလို အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ရခြင်းမှာ ၂၀၁၅-ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖြစ်ပါကြောင်း  ခရိုင်ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌမှ ထည့်သွင်းပြောကြားခဲ့သည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment