Tuesday, June 30, 2015

ဒီနေ့ သိမ်ကြီးဈေးရှေ့ကနေ ဆူးလေ အထိ ၄၃၆ ပြင်ဆင်ဖို့ ကျောင်းသားတွေ ဆန္ဒပြတဲ့ ပွဲမှာ

Soe Ya added 4 new photos. မှ ကူးယူဖော်ပြသည်။
1 hr · Edited ·
ဒီနေ့ သိမ်ကြီးဈေးရှေ့ကနေ ဆူးလေ အထိ
၄၃၆ ပြင်ဆင်ဖို့ ကျောင်းသားတွေ ဆန္ဒပြတဲ့ ပွဲမှာ ကျွန်တော် ရိုက်လာတာလေးတွေပေါ့ ။
ဒီနေ့ပွဲက အစိုးရနဲ့ အတိုက်အခံကြားက နိုင်ငံရေးကစားကွက်အရွေ့တွေကို သတိထားစောင့်ကြည့် စရာအချက်အတွေအဖြစ်မြင်နိုင်ပြီး လွှတ်တော်ပြင်ပက လှုပ်ရှားမှုတွေနဲ့ နိုင်ငံတကာရဲ့ ဖိအားပေးမှုကို မြင့်တင်စေချင်တာလားလို့ စဉ်းစားမိတယ် ။
ဘာပဲဖြစ်ဖြစ် သတင်းသမားတစ်ယောက်အနေနဲ့ကတော့ သက်လုံကောင်းအောင် ၀ိတ်ချထား မှဖြစ်မယ်ဆိုတာ လည်း ကျွန်တော့်ကို ဖိအားပေးနေတာဖြစ်တယ် ။ (ခြေထောက်တွေလည်း နာ ထီးတစ်ချောင်းလဲ ဆုံး ၊ ရုံးမှာ ထီးဖိုး ပြန်တင်လို့ ရမလားလို့ မေးလဲမေးချင်တယ် မေးလည်း မမေးရဲဘူး ) ။ လောလောဆယ်တော့ ၄၃၆ ပြင်ဆင်ရေး NLD နဲ့ ၈၈ ပေါင်းပြီး လက်မှတ်တွေ လိုက်စုနေတဲ့ အချိန်တုံးက ရေးထားခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ကို ဒီပုံတွေ နဲ့ တွဲပြီး ပြန်တင်လိုက်ပါတယ် ။ သည်းခံတော်မူကြပါကုန်တော် ခင်ဗျား ။
++++++++++++++++++++++++++++++++++++
.
......................၄၃၆...........................
>>>>>>>>>>>>>>>>>>>>>>>>>>>>

စိတ်နဲ့ လှမ်းပစ်လို့ ရတဲ့ အကွာအဝေးမှာ အကုသိုလ်တွေ ပုံထားတယ်
တနေ့ နည်းနည်း မနည်းမနော နောင်တတွေ တောင်လိုပုံ
မိုးလင်းတာ နဲ့ ဖွဲ့စည်းပုံ မျက်နှာသစ်ဖို့ ရေမလာတာလဲ ဖွဲ့စည်းပုံ
မိုးလင်းက မိုးချုပ် ဘာပုံမှ မလာတာလဲ ဖွဲ့စည်းပုံ...မင်းတို့ အတည်ပေါက်နဲ့
ငါတို့ ဂုတ်ပေါ်တက်ခွထိုင်ထားတဲ့ ဖွဲ့စည်းပုံ.....
ဖြစ်ပုံဆန်းကြယ်...ခလေးတို့ရေ ..ဦးဦးပုံပြောပြမယ်
ဖွဲ့စည်းပုံ
ဟိုးရှေးရှေးတုံးက ပေါ့ကွယ်
ဗာရာဏသီပြည်မှာ အလွန်ဆိုးညစ်တဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်ကွဲ့ လဲ
ဖွဲ့စည်းပုံ...
ဖွဲ့စည်းပုံ
ဖွဲ့စည်းပုံ မတုူတဲ့ ဘ၀တွေ
ဖွဲစည်းပုံ မတူတဲ့ အခွင့်အရေးတွေ
ဖွဲ့စည်းပုံ မတုတဲ့ လူအဖြစ် မတ်မတ်ရပ် ရှင်သန်မှုတွေ
သစ္စာတရား ရှာတဲ့နေရာမှာ ငါ ဘုရားရဲ့ပါးစပ်ဖျားမှာလဲ လမ်းမဆုံးနဲ့တဲ့
နေစဉ်နှင့် အမျှ စပယ်ယာ ပါးစပ်ဖျားမှ လမ်းဆုံးနေရတဲ့ ခန္တိတရားတွေ
ဒီအနာဖေး နေ့တိုင်းခွာနေရတာဘဲ ဘ၀ဟာ တဖွဲဖွဲ မှောင်
နေတာကြာပေမယ့် နာတာတွေ မကျေသေးတဲ့ ဖွဲ့စည်းပုံ
ယုံခြင်း နှင့် မယုံခြင်းကြားမှာ လက်တလုံးခြား အဓမ္မပြုကျင့်သွားတဲ့ ဖွဲ့စည်းပုံ
လူသေပါးစပ်ထဲက တမတ်စေ့ နှိုက်ထုတ်သွားတဲ့ ဖွဲ့စည်းပုံ
စားပါသောက်ပါ စောင့်လျှောက်ပါ စောက်ပြသနာ မရှာပါနဲ့ ဆိုတဲ့ ဖွဲ့စည်းပုံ
လမ်းကြုံလို့ ၀င်လာတာ မဟုတ်ဘူး
လက်သီးနဲ့ မထိုးချင်လို့ ငါ လက်မှတ် ထိုးခဲ့တာ။...။
.
.စိုးရ
.မေ ၃၀ ၊၂၀၁၄
.၉:၄၈ pm

0 comments:

Post a Comment