ပွင့်ဖြူ ဇွန်
၃
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်
တရားမ၀င်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အား လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်း
စီမံချက်(ယင်းမာ)အရ ၂၀၁၅-ခုနှစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့အထိ တစ်လတာ အထူးကာလ
အဖြစ်သတ်မှတ်လျက် အသိပညာပေးလုပ် ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပွင့်ဖြူမြို့နယ် ပြည်လုံးကျော်ကျေးရွာအုပ်စု၊ပြည်လုံးကျော်
သုတဗိမာန် စာကြည့်တိုက်တွင် ယနေ့ မွန်းလွဲ
၁ နာရီက မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာ စောင်၊ဓာတ်ပုံပြပွဲ ကျင်းပရာ
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပွင့်ဖြူမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးပန်စိုးက
မူးယစ်ဆေးဝါး အန္တရာယ် ၊မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င်ရောင်းဝယ်မှုများ နှင့်
ပတ်သက်၍ အသိပညာပေးပြောကြားခဲ့ပြီး မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဒေါ်မေသန္တာအောင်က မူးယစ်ဆေးဝါး
အသိပညာပေးဟောပြောပွဲ၊ပြပွဲများပြုလုပ်ရခြင်း ၏ ရည်ရွယ်ချက်များနှင့်ကျေးရွာစာကြည့်တိုက်
ရေရှည်တည်တံ့ရေး၊စာအုပ်စာစောင်တိုးပွားရေးနှင့်စာဖတ် ခြင်း အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ
အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာသော ဆရာ/ဆရာမများ၊
ကျောင်းသား ကျောင်းသူ များနှင့်ကျေးရွာသူ ကျေးရွာသားများအား မူးယစ်ဆေးဝါး အသိပညာပေး
လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသော
နံရံကပ်စာစောင်၊ဓာတ်ပုံနှင့်စာအုပ် စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment