Monday, June 15, 2015

နောက်ယာဉ်မရှင်းဘဲ ရုတ်တရက်ချိုးကွေ့မောင်းနှင်သဖြင့် တိုက်မိ၍ တစ်ဦးသေဆုံး

၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ နံနက် (၁၁) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက် မြို့မလမ်း တရားရုံးအနီး၌ ယာဉ်တိုက်မI ဖြစ်ပွားကြောင်းသတင်းအရ ပခုက္ကူ ယာဉ်ထိန်း တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ ပန်းတိုင်းခြုံကျေးရွာမှ ပခုက္ကူမြို့သို့ မြို့မလမ်းအတိုင်း ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ နေ ၊ ဌေးမြင့်(၄၃)နှစ်သည် ၃၁ယ/xxxx ၊ နံပါတ်ပါ ဂျမ်ဘို-၁၁ဝ စိမ်း/နက်ရောင်ဆိုင်ကယ်အား တစ်ဦး တည်းမောင်းနှင်လာရာ ၄င်းလမ်းအတိုင်းနောက်မှ ညောင်ဦးမြို့နယ်၊ စည်ပင်သာယာရပ်ကွက်နေ ၊ ဇော်ဝင်းနိုင်(၂ဝ)နှစ် မောင်းနှင်ပြီး နောက်မှ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်နေ အောင်ဇော်ဟိန်း (၂၅)နှစ် လိုက်ပါလာသော ၄၄ယ/xxxx ၊ နံပါတ်ပါ Jiafa-125 နီ/နက်ဆိုင်ကယ်သည် ရှေ့မှ ဌေးမြင့် မောင်းနှင်သော ဆိုင်ကယ်မှာ ဝဲဘက်သို့ ရုတ်တရက်ချိုးကွေ့စဉ် နောက်မှလိုက်ပါလာ သည့် ဇော်ဝင်းနိုင် မောင်းနှင်သော ဆိုင်ကယ်နှင့်တိုက်မိ၍ ဇော်ဝင်းနိုင်တွင် နဖူးပေါက်ပြဲဒဏ်ရာ၊ ပါးစပ် သွေးထွက်ဒဏ်ရာ၊ ရင်ဘတ်ပွန်း ဒဏ်ရာ၊ မေးစေ့ပေါက်ပြဲဒဏ်ရာ၊ ဝဲဒူးပွန်းဒဏ်ရာ (အခင်းဖြစ် နေရာတွင်သေဆုံး)၊ အောင်ဇော်ဟိန်းတွင် ဝဲဒူးပွန်းဒဏ်ရာ(မစိုးရိမ်ရ)နှင့် ဌေးမြင့်တွင် ဝဲခြေမ/ခြေဖမိုး ပွန်းဒဏ်ရာ၊ ယာဒူးပွန်းဒဏ်ရာ(မစိုးရိမ်ရ) တို့ရရှိခဲ့ကြောင်း သိရှိရသည်။ 

ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင်ပြီး နောက်ယာဉ်မရှင်းဘဲ ရုတ်တရက်ချိုးကွေ့မောင်းနှင်သူ ဌေးမြင့်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်းယာဉ်(ပ)၁ဝဝ/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/ ၃၃၇ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment