ပခုက္ကူ မေ ၃၁
မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင် ပညာရေးဦးစီးဌာနမှကြီးမှူးကျင်းပသော
မြို.နယ်အခြေပြု မူလတန်း
ဆရာ အပညာအထူးသင်တန်း(၂/၂၀၁၅)ဆင်းပွဲကို
မေ ၃၁ ရက် နံနက် (၉) နာရီကပခုက္ကူအထက(၁)ကျောင်း
ပညာရတနာခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးမိုးဆွေက
သင်တန်းဆင်းအမှာစကားပြောကြားခြင်း၊ဆက်လက်
၍မြို.နယ်ပညာရေးမှူး
ဦးစိန်မောင်ညွန်.ကဆရာ/ဆရာမများသင်ကြားရေးဆိုင်ရာများကိုရှင်းလင်းပြောကြားခြင်း
နှင့်သင်တန်းသား/သူ
ဆရာ/ဆရာမများကိုယ်စား သင်တန်းခေါင်းဆောင်မှ ကျေးဇူးတင်စကားပြန်လည်ပြော
ကြားခဲ့သည်။
ထိုနောက် မြို.နယ်ပညာရေးမှူးက သင်တန်းဆင်းလက်မှတ်များပေးအပ်ရာတွင်
သင်တန်းခေါင်းဆောင်
မှလက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား/သူ ဦးရေ(၂၈၂) ဖြစ်ပြီး သင်တန်းကာလမှာ (၄-၅-၂၀၁၅)ရက်မှ
(၃၀-၅-၂၀၁၅)ရက်နေ.အထိ ဖွင်.လှစ်ခဲ့ကြောင်းသိရသည်။
ဥာဏ်တိုး(iprd)
0 comments:
Post a Comment