မေ ၂၉ က မူလမြေယာပိုင်ရှင်တွေ ဖြစ်တဲ့ ဦးစိုးလှိုင် ပါ(၅) ဦးဟာ
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့စည်း အတွင်းရေးမှူးထံ
တိုင်စာတစ်ဆောင် ပေးပို့ထားပါတယ်။ တိုင်ကြားသူ များဟာ မကွေးမြို့နယ်
မယ်လှတောင် အုပ်စု မြင်းကင်း ကျေးရွာက ဖြစ်ပါတယ်။
ကျနော်တို့ ဥာဏ်မီသလောက် ကိုယ့် ဟာကို ရေးပြီး ရပ်/ကျေး လယ်စီ ကနေ သမ္မတရုံး အထိ အဆင့်ဆင့် တိုင်ကြားခဲ့တာ ထူးထူးခြားခြား အရေးတယူ ဘာမှ လုပ်မပေးကြဘူး။ ပြောတော့ လွှတ်တော်အသံ ပြည်သူ့အသံ ဘာ ညာ ပြည်သူကိုယ်စား ဆိုပြီး အခု သိမ်းထားတဲ့ မြေကို ခြံစည်းရိုး လာခတ်တာ ဘယ်အဖွဲ့စည်း လဲ ဘယ်ဌာန လဲ မေးကြည့်တော့ လွှတ်တော်တဲ့ဗျ ။ တိုင်းဒေသကြီး အစိုးရ အစီစဉ် နဲ့ ချထားတာလို့ ပြောတာပဲ။ မြေစာရင်းမေးကြည့်တော့ လ/န ၃၉ ကျပြီးသားတဲ့ဗျာ။
ကျနော် တို့ မူလပိုင်ရှင် တောင်သူတွေ ကို အသိမပေး အကြောင်းမကြား သဘောတူညီမှု မယူပဲ လုပ်ချင်တိုင်းလုပ်လို့ ရလို့လား။
မြေသိမ်းဥပဒေ နှင့်အညီ သိမ်းယူခြင်း မဟုတ်ပဲ မြေသိမ်း ပုဒ်မ ၁၄-၁၅ ပါပြဌန်း ချက်များအရ လိုက်နာဆောင် ရွက်ခဲ့ခြင်း မရှိ။
ကြောင်းကျိုးဖော်ပြ ရှင်းလင်း ပြောပြခြင်း မရှိ။
သဘောတူညီ လျော်ကြေး နစ်နာကြေးများ ပေးချေတာဝန်ယူ ခဲ့ခြင်း မရှိ ။
အကြောင်းကြားစာ ပေးပို့ခဲ့ ခြင်းမရှိ။
အမိန့်စာထုတ် ပြန်ခဲ့ခြင်းမရှိ။
လ/န ၃၉ ခွင့်ပြုမိန့် ကို မသမာသော နည်းဖြင့် ရယူ ထားခြင်း အပေါ် မကျေနပ် လို့ တိုင်ကြားခြင်း ဖြစ်ပါတယ် ဟု ၁။ ဦးစိုးလှိုင် ၂။ဦးငွေဒွန်း ၃။မအေးဝင်း ၄။ဦးစိုးပိုင် ၅။ဥိးလှကျော် မယ်လှတောင်အုပ်စု မြင်းကင်းကျေးရွာမှ တိုင်ကြား ထားကြောင်း မြေလတ်မီဒီယာ မှ သိရသည်။
နိုင် ယု ဝေ

0 comments:
Post a Comment