This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, June 30, 2015

ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းနေမှုများ ရက်အကန့်အသတ်မရှိ ပြင်ဆင်ခွင့်ပြုမည်


လာမည့်ရွေးကောက်ပွဲအတွက် မှန်ကန်သည့် မဲစာရင်းများ ရရှိနိုင်ရန် မဲစာရင်း ပြင်ဆင် ဖြည့်စွက်ခြင်းများကို ရပ်ကွက်၊ ကျေးရွာရုံးများတွင် ရက်အကန့်အသတ်မရှိ ပြင်ဆင်ဖြည့်စွက်ခွင့် ပြုလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

ယခင်က အခြေခံမဲစာရင်း ကပ်ကြေညာထားသည့် ၁၄ ရက် အတွင်း မဲစာရင်းပြင်ဆင်ရန် သတ်မှတ်ထားသော်လည်း ယခုအခါ ရက်အကန့်အသတ်မရှိ စစ်ဆေးပြင်ဆင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးသောင်းလှိုင်က ပြောသည်။
‘‘အခု တော်တော်များများ ဂျာနယ်တို့၊ ဘာတို့မှာ ပြောနေတာက သူတို့သွားကြည့်တယ်။ သွားကြည့်တဲ့အခါကျတော့ မရှိတော့ဘူး။ ကပ်မထားဘူးဆိုတာမျိုးရှိတော့ အခု ပြန်ကပ်ပေးပါ။ ပြန်ပြပေးပါ။ ကြည့်ချင်တယ်ဆို ပြပါ၊ ကန့်ကွက်လွှာ၊ တောင်းဆိုလွှာ၊ ပြင်ဆင်လွှာတွေရှိရင် ပြန်လက်ခံပေးပါဆိုပြီး ကျွန်တော်တို့က ထပ်ထုတ်လိုက်တယ်။ အဲဒီမှာ ဆက်လက်ပြီး ဆောင်ရွက်ဖို့ ရ သွားပြီ’’ ဟု ဦးသောင်းလှိုင်က ပြောသည်။
မဲစာရင်းများ ပြင်ဆင်ဖြည့်စွက်နိုင်မည့်ရက်ကို ကန့်သတ်ထားခြင်းမရှိဘဲ နောက်တစ်ကြိမ် မဲစာရင်းများ ထပ်မံ မကြေညာမီအထိ ခွင့်ပြုပေးထားမည်ဟု ဆိုသည်။ ထို့အတူ သတ်မှတ်ရက် ကျော်လွန်သော်လည်း အခြေခံ မဲစာရင်းကို ထပ်မံ ကြည့်ရှုခွင့်ပြု မည်ဖြစ်ပြီး တင်သွင်းလာသော တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများကို ရပ်ကွက် ကျေးရွာကော်မရှင် အဖွဲ့ခွဲများမှ ထပ်မံခွင့်ပြုရန် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်မှစတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်များထံ ထပ်ဆင့်ညွှန်ကြားချက် ထုတ်ပြန်ထားပြီး ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုသည်။
‘‘ရုံးတွေမှာ မဲစာရင်းစာရွက်တွေရှိတယ်။ တချို့ကျဉ်းတဲ့ ရုံးတွေမှာတော့ ဖိုင်တွဲထားရတယ်။ မဲစာရင်းတွေကို လာကြည့်ပြီးတော့ ပြင်ဆင်နိုင်ပါတယ်။ တချို့က ထပ်ခွင့်ပြုထားတယ်ဆိုတာ သိပ်မသိကြသေးဘူး။ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ဒီကိစ္စကို ကျွန်တော်တို့က ပြောပြပေးနေတယ်’’ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။
မဲစာရင်းများစစ်ဆေးကြည့်ရှုရန် လူထုစိတ်ဝင်စားမှု နည်းပါးနေခြင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယခုကဲ့သို့ ခွင့်ပြုသည့်အပေါ် ကြိုဆို ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကွန်ရက် တိုင်းဒေသကြီး တာဝန်ခံ ဦးညီညီကျော်က ပြောသည်။ ဇွန်လ ၈ မှ ၂၁ ရက်အထိ မန္တလေးတိုင်းဒေသကြီးရှိ မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်နှင့် မြင်းခြံခရိုင်တွင် အခြေခံမဲစာရင်းများ ကြေညာခဲ့ရာ မဲဆန္ဒရှင် ဦးရေ ၂၆ သိန်းကျော်တွင် မဲစာရင်းလာရောက်ကြည့်ရှုသူ ခြောက်သိန်းခန့်သာရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိပ်ဖြူမြို့နယ်မှရွေးကောက်ပွဲဆိုင်ရာ ဥပဒေအထောက်အကူပြုသင်တန်း

Nay Myo Kyaw added 3 new photos.မှ ကူးယူဖော်ပြသည်။
8 hrs ·
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိပ်ဖြူမြို့နယ်အလုပ်အမှုဆောင်အဖွဲ့မှရွေးကောက်ပွဲဆိုင်ရာ
ဥပဒေအထောက်အကူပြုသင်တန်းကိုဒီကနေ့
၃၀၊၆၊၁၅ရက်နေ့၌မြို့နယ်ရုံး(ဦးကြင်ဆောင်နေအိမ်)တွင်ကျင်းပရာရပ်ကျေးအလုပ်အမှုဆောင်များ
တက်ရောက်ကြဆွေးနွေးကြတာကိုတွေ့ရပါတယ်။ဒုတိယပိုင်းအစီအစဉ်အရအနာဂတ်ရွေးကောက်ပွဲများ
တွင်ဆောင်ရန်ရှောင်ရန်များနဲ့စီမံချက်ရှိရှိကြိုးပမ်းရမယ့်အချက်များကိုကျနော်ဆွေးနွေးမှာဖြစ်ပါတယ်။

“အခြေခံဥပဒေ ပြင်ရန် တ.က.သဆန္ဒဖော်ထုတ် “

Ukyi Aungmdy and 2 others shared 7Day News Journal's post. မှ ကူးယူဖော်ပြသည်။
 
 
 
 
 
 
 
 
 
 
 
 
“အခြေခံဥပဒေ ပြင်ရန် တ.က.သဆန္ဒဖော်ထုတ် “
၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ပေးရန်နှင့် လွှတ်တော်တွင်းမှ တပ်မတော်သား ၂၅ ရာခိုင်နှုန်းထွက်ခွာပေးရန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ မှ ကျောင်းသား ၅၀ ခန့်က ယနေ့ (ဇွန်-၃၀ )တွင် ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့ မှ ဆူးလေမြို့တော်ခန်းမရှေ့သို့ ချီတက်လမ်းလျောက်၍ ဆန္ဒဖော်ထုတ်ခဲ့သည် ။
သိမ်ကြီးဈေးရှေ့မှ ဆူးလေ သို့ချီတက်ရာလမ်းတစ်လျောက်တွင် ရဲတပ်ဖွဲ့လုံခြုံရေးအင်အား ၂၀၀ ခန့်က သိမ်ကြီးဈေးရှေ့တွင် တစ်ကြိမ်၊ ၂၅လမ်းထိပ်တွင် တစ်ကြိမ်၊ ၂၈ လမ်းထိပ်တွင်တစ်ကြိမ် သုံးကြိမ်တိုင်တိုင် လုံခြုံရေးစည်းတား၍ တားဆီးခဲ့ရာ ကျောင်းသားများ ကတိုးထွက် ဖြတ်ကျော်ခဲ့ခြင်း ဖြစ်သည်။
ယခု ဆူးလေမြို့တော်ခန်းမရှေ့သို့ ဆန္ဒဖော်ထုတ်သူများ ရောက်ရှိလာပြီး ယနေ့ မွန်းလွဲ ၃ နာရီ ခွဲခန့်မှစ၍ ဟောပြောခြင်းများ ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ-ငြိမ်းချမ်း

သရက်မြို့ဟာခရိုင်မြို့ ကြီးဖြစ်တာကြောင့်မြို့တော်အင်္ဂါရပ်နဲ့ညီစေချင်ပါတယ်။

Paukkalay Thayet added 4 new photos. မှ ကူးယူဖော်ပြသည်။
53 mins ·
ပြည်သူ့ဗဟိုလ်ပြုစနစ်ဆိုပြီး ယနေ့နိုင်ငံတော်က
သွားနေတဲ့လမ်းကြောင်းပါ ပြည်သူ့အသံ လွှတ်တော်
အသံ ဆိုပြီး ပြည်သူက Fb. ဆိုရှယ်မီဒီယာမှာတင်ပြတဲ့အခါ fbပါတာငါတို့နဲ့မဆိုင်
တဲ့အတွေးမျိုးတွေက နောက်ပြန်လှည့်မဲ့သူတွေရဲ့
ခံယူချက်ပါယနေ့နိုင်ငံတော်ကသွားနေတဲ့လမ်း
ကြောင်းကိုသွေဖီနေပါတယ်သရက်မြို့ဟာခရိုင်မြို့
ကြီးဖြစ်တာကြောင့်မြို့တော်အင်္ဂါရပ်နဲ့ညီစေချင်ပါ
တယ်မြို့ခံဇာတိစိတ်ဖြစ်ပြီးသတင်းမီဒီယာဖြစ်တာ
ကြောင်အဖြစ်မှန်ကိုကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဘူးတင်ပြပါတယ်မြို့နယ်စည်ပင်သာ
ယာရေးအဖွဲ့ရဲ့မြို့နယ်အတွက်လုပ်ဆောင်ချက်တွေကို
အပြုသဘောဝေဖန်တင်ပြတဲ့အခါ စီခန့်၊ စည်ပင်
ဖွံ့ထာက်တွေရဲ့ပူးပေါင်းညှိနှိင်းအစည်းအဝေးမှာဆုံး
ဖြတ်မှုတွေကတာဝန်ယူမှူတာဝန်ခံမှူရှိရမှာဖြစ်သော်
လည်းပြည်သူကိုအပြစ်ုမြင်သည့်ကိစ္စမဖြစ်သင့်
ကြောင်းဆိုရှယ်မီဒီယာမှတင်ပြပါသည့်

ဒီနေ့ သိမ်ကြီးဈေးရှေ့ကနေ ဆူးလေ အထိ ၄၃၆ ပြင်ဆင်ဖို့ ကျောင်းသားတွေ ဆန္ဒပြတဲ့ ပွဲမှာ

Soe Ya added 4 new photos. မှ ကူးယူဖော်ပြသည်။
1 hr · Edited ·
ဒီနေ့ သိမ်ကြီးဈေးရှေ့ကနေ ဆူးလေ အထိ
၄၃၆ ပြင်ဆင်ဖို့ ကျောင်းသားတွေ ဆန္ဒပြတဲ့ ပွဲမှာ ကျွန်တော် ရိုက်လာတာလေးတွေပေါ့ ။
ဒီနေ့ပွဲက အစိုးရနဲ့ အတိုက်အခံကြားက နိုင်ငံရေးကစားကွက်အရွေ့တွေကို သတိထားစောင့်ကြည့် စရာအချက်အတွေအဖြစ်မြင်နိုင်ပြီး လွှတ်တော်ပြင်ပက လှုပ်ရှားမှုတွေနဲ့ နိုင်ငံတကာရဲ့ ဖိအားပေးမှုကို မြင့်တင်စေချင်တာလားလို့ စဉ်းစားမိတယ် ။
ဘာပဲဖြစ်ဖြစ် သတင်းသမားတစ်ယောက်အနေနဲ့ကတော့ သက်လုံကောင်းအောင် ၀ိတ်ချထား မှဖြစ်မယ်ဆိုတာ လည်း ကျွန်တော့်ကို ဖိအားပေးနေတာဖြစ်တယ် ။ (ခြေထောက်တွေလည်း နာ ထီးတစ်ချောင်းလဲ ဆုံး ၊ ရုံးမှာ ထီးဖိုး ပြန်တင်လို့ ရမလားလို့ မေးလဲမေးချင်တယ် မေးလည်း မမေးရဲဘူး ) ။ လောလောဆယ်တော့ ၄၃၆ ပြင်ဆင်ရေး NLD နဲ့ ၈၈ ပေါင်းပြီး လက်မှတ်တွေ လိုက်စုနေတဲ့ အချိန်တုံးက ရေးထားခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ကို ဒီပုံတွေ နဲ့ တွဲပြီး ပြန်တင်လိုက်ပါတယ် ။ သည်းခံတော်မူကြပါကုန်တော် ခင်ဗျား ။
++++++++++++++++++++++++++++++++++++
.
......................၄၃၆...........................
>>>>>>>>>>>>>>>>>>>>>>>>>>>>

စိတ်နဲ့ လှမ်းပစ်လို့ ရတဲ့ အကွာအဝေးမှာ အကုသိုလ်တွေ ပုံထားတယ်
တနေ့ နည်းနည်း မနည်းမနော နောင်တတွေ တောင်လိုပုံ
မိုးလင်းတာ နဲ့ ဖွဲ့စည်းပုံ မျက်နှာသစ်ဖို့ ရေမလာတာလဲ ဖွဲ့စည်းပုံ
မိုးလင်းက မိုးချုပ် ဘာပုံမှ မလာတာလဲ ဖွဲ့စည်းပုံ...မင်းတို့ အတည်ပေါက်နဲ့
ငါတို့ ဂုတ်ပေါ်တက်ခွထိုင်ထားတဲ့ ဖွဲ့စည်းပုံ.....
ဖြစ်ပုံဆန်းကြယ်...ခလေးတို့ရေ ..ဦးဦးပုံပြောပြမယ်
ဖွဲ့စည်းပုံ
ဟိုးရှေးရှေးတုံးက ပေါ့ကွယ်
ဗာရာဏသီပြည်မှာ အလွန်ဆိုးညစ်တဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်ကွဲ့ လဲ
ဖွဲ့စည်းပုံ...
ဖွဲ့စည်းပုံ
ဖွဲ့စည်းပုံ မတုူတဲ့ ဘ၀တွေ
ဖွဲစည်းပုံ မတူတဲ့ အခွင့်အရေးတွေ
ဖွဲ့စည်းပုံ မတုတဲ့ လူအဖြစ် မတ်မတ်ရပ် ရှင်သန်မှုတွေ
သစ္စာတရား ရှာတဲ့နေရာမှာ ငါ ဘုရားရဲ့ပါးစပ်ဖျားမှာလဲ လမ်းမဆုံးနဲ့တဲ့
နေစဉ်နှင့် အမျှ စပယ်ယာ ပါးစပ်ဖျားမှ လမ်းဆုံးနေရတဲ့ ခန္တိတရားတွေ
ဒီအနာဖေး နေ့တိုင်းခွာနေရတာဘဲ ဘ၀ဟာ တဖွဲဖွဲ မှောင်
နေတာကြာပေမယ့် နာတာတွေ မကျေသေးတဲ့ ဖွဲ့စည်းပုံ
ယုံခြင်း နှင့် မယုံခြင်းကြားမှာ လက်တလုံးခြား အဓမ္မပြုကျင့်သွားတဲ့ ဖွဲ့စည်းပုံ
လူသေပါးစပ်ထဲက တမတ်စေ့ နှိုက်ထုတ်သွားတဲ့ ဖွဲ့စည်းပုံ
စားပါသောက်ပါ စောင့်လျှောက်ပါ စောက်ပြသနာ မရှာပါနဲ့ ဆိုတဲ့ ဖွဲ့စည်းပုံ
လမ်းကြုံလို့ ၀င်လာတာ မဟုတ်ဘူး
လက်သီးနဲ့ မထိုးချင်လို့ ငါ လက်မှတ် ထိုးခဲ့တာ။...။
.
.စိုးရ
.မေ ၃၀ ၊၂၀၁၄
.၉:၄၈ pm

Monday, June 29, 2015

ITPEC (FE) စာမေးပွဲများဖြေဆိုနိုင်ရန်အတွက် intensive training များကို မကွေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှဇူလိုင်လ (6)ရက် နေ့မှ စတင်ကာ ပို့ချသွားမည်ဖြစ်ပါသည်။

မကွေးတိုင်းဒေသကြီးအတွင်း IT ပညာဖွံ့တိုးတက်လာစေရန်အတွက်ရည်ရွယ်ကာ မကွေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ IT နှင့်ပတ်သတ်သော စာမေးပွဲများကျင်းပပေး လျက်ရှိပါသည်။
IT ကိုစိတ်ပါဝင်စားသောလူငယ်များအတွက် Job Opportunities အမြန်ဆုံးရရှိနိုင်မည့် နိုင်ငံ(၁၁)နိုင်ငံ အသိအမှတ်ပြု ITPEC (FE) စာမေးပွဲများဖြေဆိုနိုင်ရန်အတွက် intensive training များကို မကွေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ မကွေးတက္ကသိုလ် အနီး တက္ကသိုလ် လမ်းနှင့် တောင်တွင်းလမ်း ထောင့်ရှိကွန်ပျူတာအသင်းများရုံးခန်းတွင် ဇူလိုင်လ (6)ရက် နေ့မှ စတင်ကာ ပို့ချသွားမည်ဖြစ်ပါသည်။

သရက်မြို့ပေါ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး



သရက်      ဇွန်      ၂၈
၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ နေ့လည် (၁၂း၁၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရဲစခန်း၌တာဝန်မှူးတာဝန် ဆောင်ရွက်နေစဉ် သရက်မြို့၊ ပြည်တော်အေးရပ်ကွက်၊ (၄)လမ်းတွင် လူတစ်ဦးကြိုးဆွဲချ သေဆုံး နေကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရာဇာဦး၏ သတင်းပေးချက်အရ သက်သေများ နှင့်အတူ သွားရောက်စစ်ဆေး ရာ ပြည်တော်အေးရပ်ကွက်နေသူ ဆလိုင်းနိုင်ထွန်း (၅၀)နှစ်သည် အရက်အလွန် အကျွံ သောက်သူဖြစ်ပြီး စိတ်ဖောက်ပြန်ကာ ၄င်း၏ နေအိမ်အောက်ထပ် တမံသလင်းခင်း ဧည့်ခန်းရှိ အမြင့် ၆.၅ ပေခန့်ရှိ ထုတ်တန်းတွင် အရှည် ၂၀ ပေခန့်ရှိ အစိမ်းရောင် နိုင်လွန် ပလပ်စတစ်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေ သည်ကို တွေ့ရှိရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင် ရန် သရက်မြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၅ ဖြင့် အမှုရေးဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

တောင်တွင်းကြီးမြို့နယ်အတွင်း ညောင်ပင်အောက်တွင် အမျိုးသမီးတစ်ဦး သေဆုံးနေ



တောင်တွင်း     ဇွန်     ၂၈
၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ ညနေ (၄း၂၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပိုးဇာခင်းကျေးရွာ၏ မြောက်ဘက် (၁)ဖာလုံခန့်အကွာ ညောင်ပင် အောက် တွင် အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း ဆယ်အိမ်စုမှူး ဦးလှဟန်၏ ရွာဖုန်းဆက် အကြောင်းကြား ချက်အရ ဆတ်သွားနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ သက်သေများ နှင့်အတူ သွားရောက်စစ်ဆေး ရာ သေဆုံးသူမှာ ပိုးဇာခင်းကျေးရွာနေ မဂွမ်းပုံ (၂၇)နှစ်ဖြစ်ပြီး ပက်လက်အနေအထားဖြင့် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိရ၍ ၄င်း၏ ယာဘက်ဘေးတွင် အရက်ဖြူများ ထည့် ထားသည့် (၄)ပုလင်းဆံ့ ပလပ်စတစ်ပုံး တစ်ပုံး ထောင်လျက် တွေ့ရှိပြီး သေဆုံးသူမှာ ယခင်ကလည်း အရက်အလွန်အကျွံ သောက်တတ်သူ ဖြစ်ကြောင်း ၄င်း၏မိသားစုမှ ပြောပြသိရှိရသဖြင့် ဓမ္မတာအ တိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေး နိုင်ရန် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်း သေ မှုသေခင်း အမှတ်စဉ် ၆/၂၀၁၅ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

မြိုင်မြို့ -အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ဖွင့်လှစ်

၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ပညာရေး
ဝန်ကြီးဋ္ဌာန| မကွေးတိုင်းဒေသကြီး|ပခုက္ကူ
ခရိုင်-မြိုင် မြို့မ-၁ အခြေခံပညာ
အထက်တန်းကျောင်း(ခွဲ)ကျောင်းမှ မြိုင်မြို့
အမှတ်(၂)အခြေခံပညာအထက်တန်းကျော
င်း အဆင့်တိုးမြှင့် ဖွင့်ပွဲကို ဇွန် ၂၈ရက်နေ့
နံနက် ၉နာရီက ယင်းကျောင်းရှေ့၌ ကျင်းပသည်။
  အဆိုပါ ဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရန်|
မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ-
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်|
ပခုက္ကူခရိုင်-ခရိုင်ပညာရေးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးဟန်ဆင့်
နှင့်ကျောင်းအကျိုးတော်ဆောင် ဦးဝင်းရှိန်တို့
က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
  ထို့နောက် ဟောပြောပွဲ ဆက်လက်
ကျင်းပရာ-တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးတင်ရန်နှင့်ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး
ဦးကိုကိုလွင်တို့က အမှာစကား ပြောကြားပြီး|ခရိုင်ပညာရေးမှူးရုံး
လက်ထောက်ညွှန်ကြားရေးမှူးက
ယနေ့နိုင်ငံတော်မှ ပညာရေး တိုးတက်
ဖွံ့ဖြိုးမှု လုပ်ငန်းများကို အစဉ်တစိုက်
အဓိကထား ဆောင်ရွက်လျှက်ရှိပါကြောင်း
ယနေ့လူငယ်|နောင်ဝယ်လူကြီး ဖြစ်ပါက
ပညာအရည်အချင်း ပြည့်ဝပြီး နိုင်ငံတကာ
နှင့်ရင်ဘောင်တန်း ရေးသားပြောဆိုနိုင်
မှသာ ခေတ်မီဖွံ့ဖြိုးသော ပညာရည်ပြည့်ဝ
သည့် ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်
ကြမှာဖြစ်သည့်အတွက် ပညာရေးကို
မြှင့်တင်ပေးလျက်ရှိပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
  ဆက်လက်၍ မြိုင်-မြို့မ(၁)အခြေခံပညာ
အထက်တန်းကျောင်း(ခွဲ)ကျောင်းမှ မြိုင်မြို့
အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြု အမိန့်စာ
ကို ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးမှ
မြိုင်-မြို့မ(၁) အ.ထ.က(ခွဲ)ကျောင်းအုပ်
ဆရာမကြီး ဒေါ်ခိုင်ခိုင်မာအား ပေးအပ်ခြင်း
နှင့် အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး
ဒေါ်ခင်မာဋ္ဌေးမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်
ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်လွင်တို့
အား ကျောင်းဖွင့်ပွဲ အထိမ်းအမှတ်အလံများ
ပေးအပ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက
အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ
အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိသည့်
အတွက် ကျေးဇူးတင်စကားပြောကြားသည်။
  ၂၀၁၅-ခုနှစ်တွင်မြိုင်-မြို့မ(၁)အ.ထ.က(ခွဲ)
မှတက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော မြိုင်မြို့နယ်တွင်
ထူးချွန်ဆု ပထမ ရရှိသော မဆွေဇင်ဦးအား
ပခုက္ကူခရိုင်-ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်
ကလည်းကောင်း| မြို့မ(၁) အ.ထ.က(ခွဲ)
တွင် ဒုတိယဆု ရရှိသော မဇင်လဲ့ဝါအား
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်က
လည်းကောင်း| တတိယဆု ရရှိသော
မသင်းယုခိုင်အား ဒုတိယမြို့နယ်ပညာရေးမှူးကလည်းကောင်း|တစ်ဘာသာဂုဏ်ထူးရှင်
များအား မြို့နယ်စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ
ဦးခူခမ်းလ်မွန်နှင့်ရပ်မိရပ်ဖများကလည်းကောင်း အသီးသီးဆုများ ချီးမြှင့်ပေးကြပြီး
အခမ်းအနားကို နံနက် ၁၀နာရီ
၄၅မိနစ်တွင် ပြီးစီးကြောင်း သိရသည်။
                      အောင်ကျော်မြင့်

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲ၊ မြန်မာ့ရိုးရာအစားအစာရောင်းချပွဲ၊ ပဒေသာကပွဲနှင့်မြန်မာ့ရိုးရာယဉ်ကျေးမှုဝတ်စားဆင်ယင်မှုပြိုင်ပွဲများ ကျင်းပ



မကွေး  ဇွန်   ၂၈

    ၂၀၁၅ခုနှစ် ဇူလိုင်(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲကို ယနေ့နံနက်(၈)နာရီက မကွေးမြို့ လမ်းငါးသွယ်အ၀ိုင်းပတ်တွင် ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်ဇနီး မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာ နာယက ဒေါ်စန်းစန်းမြင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသူ များ တက်ရောက်ခဲ့သည်။ 

    မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာဥက္ကဌ ဒေါ်သင်းသင်းထွေးက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာ နာယက ဒေါ်စန်းစန်းမြင့်က ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

    ဆက်လက်၍ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၏ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မြန်မာ့ရိုးရာအစားအစာရောင်းချပွဲ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုပဒေသာကပွဲ၊ ၀တ်စားဆင်ယင်မှုပြိုင်ပွဲကို မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်အားပေး ခဲ့ကြသည်။

၎င်းနောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲနှင့် ၀တ်စားဆင်ယင်မှုပြိုင်ပွဲကို ဆက်လက် ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသူလေးများက မြန်မာအမျိုးသမီး များနေ့သီချင်းဖြင့် ဂုဏ်ပြု သီဆိုဖျော်ဖြေခဲ့ပြီး ပေါင်းစုညီညာအမျိုးသမီးရေးရာ၊ ဗိုလ်ရှုသဘင်၊ ထာဝရသစ္စာ၊ မိုးဇာဗြောများဖြင့်လည်းကောင်း၊ ဆေးတက္ကသိုလ်မှ ကျောင်းသား/သူများက ချင်းရိုးရာတေးသရုပ်ဖော်အက၊ မကွေးတက္ကသိုလ်မှ မွန်တို့ဌာနေ ရာမညမြေ၊ ပညာရေးကောလိပ်မှ သားလိမ္မာအကများ၊ အခြေခံကျန်းမာရေးတက္ကသိုလ်မှ ကျောင်းသား/သူများက ရှမ်းရိုးရာအက များဖြင့်လည်းကောင်း၊ အမျိုးသမီး ရေးရာ အဖွဲ့များက ခန့်ညာဝင့်ထည်လှသွေးကြွယ် မျိုးနွယ် ဂုဏ်မြင့်ပွဲလယ်တင့်အမည်ဖြင့် မြန်မာ့ရိုးရာ ၀တ်စား ဆင်ယင်မှုများဖြင့်လည်းကောင်း ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ 

    ထို့နောက် ဆုရရှိသူများအား မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စန်းစန်းမြင့်နှင့် တာဝန်ရှိသူများက  ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ပြီး ဖျော်ဖြေတင်ဆက် သူများကို ဂုဏ်ပြုပန်းခြင်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

ပန်းတိုင်းတော(အနောက်)ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်

ပညာရေးဝန်ကြီးဋ္ဌာန|မကွေးတိုင်းဒေသကြီး
ပခုက္ကူခရိုင်-အခြေခံပညာရေး ဦးစီးဋ္ဌာနမှ
၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင်
ကျေးလက်နေ ကျောင်းသား/ကျောင်းသူများ
အခြေခံပညာ အလွယ်တကူ ပညာ
သင်ကြားနိုင်ရန်အတွက် မြိုင်မြို့နယ်
ညောင်ရွာကျေးရွာအုပ်စု|ပန်းတိုင်းတော
(အနောက်)ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းဖွင့်ပွဲကို ဇွန် ၂၈ရက်နေ့ နံနက် ၈နာရီခွဲက ယင်းကျောင်း
ရှေ့၌ ဖွင့်လှစ်သည်။
အဆိုပါဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်း|
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကိုယ်စား
ဦးကျောဆွေ|မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား
ဒုတိယဦးစီးမှူး ဦးခိုင်မင်းထွန်းနှင့် ဒုတိယ
မြို့နယ်ပညာရေးမှူး ဦးကျော်သောင်းတို့က
အခြေခံပညာ အလယ်တန်းကျောင်း ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြ
သည်။(ပုံ)
  ထို့နောက် တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ် ဦးစောဝင်း|ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ်ကိုယ်စား
ဦးကျော်ဆွေနှင့် ဒုတိယဦးစီးမှူးတို့က
အမှာစကား ပြောကြားသည်။
  ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး
က ကျေးရွာမိဘပြည်သူများနှင့်ဆရာ/ဆရာမများ ပူးပေါင်းပံ့ပိုး ကူညီဆောင်ရွက်မှု
အပေါ် မူတည်၍ မူလတန်း|အလယ်တန်း|
အထက်တန်းကျောင်းများကို အဆင့်ဆင့်
တိုးမြှင့်ဖွင့်လှစ်ပေးကြောင်း အသေးစိတ်
ရှင်းလင်းပြောကြားပြီး ပန်းတိုင်းတော(န)
အလယ်တန်းကျောင်း(ခွဲ)ကျောင်းအုပ်
ဆရာကြီး ဦးသောင်းလှိုင် က ပညာ
သင်ကြားမှုနှင့် ယခုကျောင်းမှ အောင်မြင်
သွားသည့် ကျောင်းသား/ကျောင်းသူများ
အနေဖြင့် ဋ္ဌာနအသီးသီးတွင် တိုင်းပြည်
တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ပါကြောင်း
အထက်တန်းကျောင်း ထပ်မံဖွင့်လှစ်ရေး
ကိုလည်းဆရာ/ဆရာမများ|ကျောင်းသား
ကျောင်းသူများနှင့်မိဘပြည်သူများ ပူးပေါင်း
ဆောင်ရွက်ကြရန် မိဘပြည်သူများအား
တိုက်တွန်း ပြောကြားပါသည်။
  ဆက်လက်၍ ပန်းတိုင်းတော(န)ရွာ
အခြေခံပညာ အလယ်တန်း ကျောင်းအုပ်
ဆရာကြီး ဦးသန်းထိုက်မှ မြို့နယ်ဒုတိယ
ဦးစီးမှူး နှင့် မြို့နယ်ဒုတိယ ပညာရေးမှူး
တို့အား ကျောင်းဖွင့်ပွဲအထိမ်းအမှတ်အလံ
ကို ပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင်
တစ်ဦး က ကျေးဇူးတင် စကားပြောကြား
၍ အခမ်းအနားကို နံနက် ၁၀နာရီခွဲတွင်
ပြီးစီးကာ မိဘပြည်သူများနှင့် ကျောင်းသား
ကျောင်းသူများက ဒိုးပတ်|ပန်းပွါး အကများဖြင့် ဝမ်းသာစွာ တီးမှုတ်ကခုန်
နေကြကြောင်း သိရသည်။
       
                           အောင်ကျော်မြင့်