Friday, May 29, 2015

ရေနံမကျေးရွာ NLD အဖွဲ့ခေါင်းဆောင် ကိုဇော် နှစ်(၄၀)ပြည့်မွေးနေ့ပွဲ၌၈၈ငြိမ်းပွင့်အဖွဲ့ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များဆွေးနွေး



        
         မင်းလှ  မေ၂၈   
         မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် ရေနံမကျေးရွာ တိုက်နယ်ဆေးရုံရှေ့တွင်ရှိသော NLD အဖွဲ့ခေါင်းဆောင် ကိုဇော်(ခ)
ဇော်ဆိုင်းနှစ်(၄၀)ပြည့် မွေးနေ့ပွဲ၌ ၈၈မျိုးဆက်သစ် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲစည်းမှအဖွဲ့ဝင်များ မွေးနေ့ပွဲနှင့်အတူရွေးကောက်ပွဲဆိုင်ရာ
ကိစ္စရပ်များဆွေးပွဲကို မေလ(၂၇)ရက်နေ့ နံနက်(၇)နာရီတွင်စတင်ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

          ထိုအခမ်းအနား၌ မင်းလှမြို့နယ်NLDဥက္ကဋ္ဌ ဦးမောင်ကိုနှင့် ၈၈မျိုးဆက်သစ်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်လူ
ဦးရေ(၃၀)ခန့်တက်ရောက်ခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် မိမိတို့ပါတီအောင်နိုင်ရေးနှင့်ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေး
ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့်အကြောင်းအရာများကို လည်းတိုင်ပင်ဆွေးနွေးခဲ့ကြပြီး နေ့လည်(၁၂)နာရီတွင် မွေးနေ့ပွဲနှင့်ရွေးကောက်ပွဲဆိုင်ရာ
ဆွေးနွေးပွဲပြီးဆုံးခဲ့ကြောင်းသတင်းရရှိသည်။
          
          မင်းထီး(ရေနံမ)

0 comments:

Post a Comment