Monday, May 25, 2015

တောင်တွင်းကြီး ဆည်မြောင်း(ထိန်း)နေစားများ၏ လစာမရတာ ၂လပင်ရှိနေပြီဖြစ်ကြောင်း



တောင်​တွင်းကြီးမြို့ ဆည်​​မြောင်းထိန်းသိမ်း​ရေး
ဌာနမှ ​နေ့စား(လ​ပေး)၀န်​ထမ်းများလစာမှာ
မရရှိ​သေးတာ ၂လရှိ​နေပြီလို့ ရန်​ပယ်​တမံမှ
နေ့စားတစ်​ဦးက​ပြောလာပါတယ်​။၎င်းက`ကျွန်​​တော်​တို့မှာဒီလစာ​လေး​အားထားပြီးမိသားစုစားဝတ်​​နေ​ရေး​ဖြေရှင်း​နေရတာပါ။ဒီလိုမျိုး မရတဲ့လ​တွေကြ​တော့ ​ဘေးက​နေပြီးအတိုးနှုံးကြီးကြီးနဲ့​ချေးယူသုံးစွဲရတယ်​။လစာထုတ်​​တဲ့အခါကြမှယူ
ထားတဲ့အ​ကြွေး​တွေကိုဆပ်​ကြရပါတယ်​။
အဲ့လိုဆပ်​တဲ့အခါမှာအတိုး​တွေကအဆမတန်းများ​နေပြီး ရတဲ့​လစာနဲ့​တောင်​ဆပ်​ဖို့မ​လောက်​ငှ
ဘူးဖြစ်​ပါတယ်​။ဒီကြားထဲ လစာထုတ်​တဲ့အခါမှာ
ဟို​ကြေးဒီ​ကြေးဆိုပြီးဖြတ်​တာ​တွေလည်း
ရှိပါတယ်​။ လစာကို အပြည့်​အ၀ရတဲ့လဆိုလို့
တစ်​လမှမရှိခဲ့ပါဘူး ကျွန်​​တော်​​ဆို ဒီဌာနမှာလုပ်​တာကြာပါပြီ လစာ​လေး ၃၀၀၀​​ကျော်​လောက်က​နေစလုပ်​လာတာပါ။အဲ့တုန်းက​တော့ဖြတ်​​တောက်​မှု​တွေမရှိခဲ့ဘူး။အခုလိုလစာ​တွေတိုးလာ
တဲ့အခါကြမှ ဖြတ်​​တောက်​မှု​တွေများလာတယ်​။
ဝန်​ထမ်း​တွေလစာတိုးတယ်​လို့ကြားတာနဲ့ ကုန်​​ဈေးနှုံးက ​ခေါင်​ခိုက်​​နေပြီ ဒါ​ပေမဲ့လစာကလကုန်​မရ ရပြန်​​တော့လည်းဟိုဟာဖြတ်​ဒီဟာဖြတ်​နဲ့
မို့ ကျွန်​​တော်​တို့​နေ့စားဝန်​ထမ်း​တွေမှာနာမည်​ကြီးထမင်းငတ်​​တွေဖြစ်​​နေရတယ်​ဗျ။လစာတိုး
လာတာနဲ့အမျှတစ်​ဖက်​ကတိုးလာတာက တာဝန်​​တွေ​ရော​လေ အရင်​က ၄နာရီ​လောက်​လုပ်​ရရင်​ အခုဆိုပိုလုပ်​​ရ​တော့တာ​ပေါ့။
လစာမထုတ်​​သေးလို့ ​ဘေးအလုပ်​က​လေး
(ပျိုးနှုတ်​၊ထွန်​ရှင်းငှား၊)လိုက်​တဲ့အခါမျိုး​တွေမှာ
ကံဆိုးလို့လမ်းဗိုလ်​လာတဲ့အခါမျိုးနဲ့တိုးရင်​ မ​အေ
နှမနဲ့နှိုင်းပြီးအဆဲခံရပါ​သေးတယ်​။ဒါတင်​လားဆို​တော့မပြီး​သေးဘူး လစာ​ပေးအစည်းအ​ဝေးကြရင်​ ​အေအီးဆိုသူက ထပ်​မံဆဲဆိုတာခံရပါ​သေးတယ်​။ပြီး​တော့ အဲ့လိုပျက်​တဲ့ရက်​အတွက်​ကို ရက်​ပျက်​ဖြတ်​ပါတယ်​။ကျွန်​​တော်​တို့အခက်​အခဲ​တွေကို အထက်​ကလူကြီး​တွေကိုသိ​စေချင်​ပါတယ်​။လုပ်​ရတာနဲ့ရတာ
နိုင်​ငံ​တော်​က​ပေးထားတဲ့အတိုင်းကတန်​​ပါတယ်​။
ဒါ​ပေမဲ့ ကိုယ့်​ကျိုးပဲကြည့်​တဲ့အရာရှိ​တွေလက်​ထဲက​နေမှရတဲ့ဘ၀​တွေဆို​တော့ အဆင်​မ​ပြေမှု​တွေများလာပါတယ်​။ဆင်းရဲမွဲ​တေမှု့​လျောချ​ရေး
လုပ်​​နေတဲ့နိုင်​ငံ​တော်​အကြီးအကဲ​တွေကိုလည်း
ကျွန်​​တော်​ဒီ​နေရာက​ပြောချင်​ပါတယ်​ ​အောက်​​ခြေ၀န်​ထမ်း​တွေရဲ့ဘ၀ကိုလည်းပြန်​ငဲ့ကြည့်​​ပေးပါလို့​တောင်းဆိုလိုက်​ပါတယ်​​။´လို့
သူတို့ရဲ့ကြုံ​တွေ့​နေရတာ​တွေ၊အခက်​အခဲ​တွေကို ယခုလို​ရင်​ဖွင်​​ပြောကြားလာလို
သတင်းတစ်​ခုအဖြစ်​​ရေးသား​ဖော်​ပြ​ပေးလိုက်​ပါတယ်​။
ဒါကို သမ္မတကြီးနှင့်​ သက်​ဆိုင်​ရာလူကြီးမင်းများသိရှိနိုင်​ပါရန်​ပန်​ကြား​ပေးလိုက်​ပါတယ်​ခင်​ဗျာ။

U.T

0 comments:

Post a Comment