Sunday, May 17, 2015

သရက်မြို့ ရုံးရပ်ကွက် ကမ်နားလမ်း ရေမှတ်တိုင် ဧရာဝတီမြစ်ဆိပ်ကမ်းတွင် ကျောင်းသားငယ်တစ်ဦးရေနစ်သေဆုံး

Paukkalay Thayet added 10 new photos. မှ ကူးယူဖော်ပြသည်။
1 hr ·
မကွေးတိုင်းဒေသကြီး သရက်မြို့ ရုံးရပ်ကွက်
ကမ်နားလမ်း ရေမှတ်တိုင် ဧရာဝတီမြစ်ဆိပ်ကမ်းတွင်
ယနေ့ မေ၁၇ ရက်နံနက် ၁၁ နာရီ၄၅ မီးနစ်ခန့်က
ကျောင်းသားငယ်တစ်ဦးရေနစ်သေဆုံးကြောင်းသိ
ရသည်။
ဖြစ်စဉ်မှာ သရက်မြို့ ပြည်တော်အေးရပ်ကွက်မှ
ကျောင်းသားခလေးငယ်ခြောက်ဦးသည်နံနက်၉နာရီ
ခန့်ကစုပေါင်း၍နေအိမ်မှထွက်လာခဲ့ပြီးဧရာဝတီမြစ်
ရေမှတ်တိုင်ဆိပ်တွင်ရေချိုးဆော့ကစားရင်းရေနစ်
သေဆုံးခဲ့သည် သေဆုံးသူမှာ ပြည်တော်အေးရပ်
ကွက်ကျွန်းတောလမ်းနေ(ဖ)ဦးလိုင်ဇော်ဦး၏သား
မောင်အောင်ဆန်းလိုင် အသက် ၁၀နှစ် ၄ တန်း
အောင် ၅ တန်းကျောင်းသားဖြစ်ပြီး အ ထ က ၁ မှ
ကျောင်းသားတစ်ဦးဖြစ်ကြောင်းစုံစမ်းသိရှိရသည်။

0 comments:

Post a Comment