Sunday, May 17, 2015

ဖတ်ကြည့်တွေးတော ပြည်သူများ

Myintzaw Oo shared မဟုတ်မခံ မကွေးသား's post.   မှ ကူးယူဖော်ပြသည်။
ဖတ်ကြည့်တွေးတော
သို့
မကွေးတိုင်းဒေသကြီး၊မကွေးမြို့ စည်ပင်လူကြီးနှင့်
အပေါင်းအပါ စားဖော်စားဖက်၊မြိုဆို့ဖက်များသိစေရန်.......
ပြည်သူလူထု ဝမ်းရေးအတွက် ဈေးရောင်းစားတာကို
လမ်းနယ်၊လမ်းမြေ၊မလွတ်၍ ၁၀.၅.၂၀၁၅နေ့အပြီးဖယ်ပေး
ဆိုတဲ့စာနဲ့ပါတ်သက်၍ နဲနဲပြောပရစေဗျာ...
အဲ့လိုရောင်းတာကိုလဲ မင်းတို့ပဲ ဈေးကောက်တွေတောင်း
မရတဲ့ဆိုင်ဆိုညစ်၊ မင်းတို့ စည်ပင်သိထားဖို့ ပြောပြမယ်
ယာဉ်အန္တာရာယ် ကင်းရှင်းရေးတဲ့ လူကြားကောင်းအောင်
လျှောက်ပြောနေ ...ဘယ်သူမှ သစ်ပင်ကြား၊ပလက်ဖောင်း
ပေါ်ကား၊ဆိုင်ကယ်၊စက်ဘီး တက်မစီးဘူး....
ချီးဦးနှောက်နဲ့ လာပြောနေတာလား.. .

၁. မကွေးကောင်းမွန်
မင်းတို့ဖထွေးက သူ့ဆိုင်ရှေ့ကွန်ကရစ်ခင်းထားတာရော
မြင်လား အဲ့ဒါ လမ်းနယ်နိမိတ်မြေပဲ ဘယ်သူပြောရဲလဲ
မင်းတို့ ပါးစပ်ကို ......ဆို့ထားလို့လား
ယာဉ် အန္တာရာယ် မရှိဘူးလား ..အဲ့ဒီနား ပတ်လယ်က
ပေ၁၀၀လမ်းမရှိတော့ဘူးကွ...ပေ၅၀ရှိကံကောင်း
ဘယ်ပြောရဲမလဲ မင်းတို့က စားထားတာကို...

၂.ရွှေဧရာ (မဲထီးလမ်း)
မင်းတို့ အဖေလေးကိုရော မပြောဘူးလား..အဲ့ဒီနား
ပလက်ဖောင်းရောရှာရလား လမ်းနယ်တွေလေ...
၃.ဧရာဝတီစားသောက်ဆိုင် (တွောင်းလမ်း)
ကွန်ကရစ်ခင်းထားတာ လမ်းပိုင်မြေ အပြည့်ပဲဟ
မင်းတို့စာတွေထဲမှာ ပါနေတာပဲ

၎.မကွေးမြို့ပေါ်ရှိ ဈေး
ဈေးကောက်တွေ လေလံပေး ပိုက်ဆံ အခန့်သားယူ
ပြသနာတက် တော့ ရှင်းမပေးဘူး
စက်ဘီးအပ်လက်ခံတဲ့နေရာကြည့် ၊လမ်းပေါ်ရောက်အောင်
နေရာယူ ယာဉ်မပြောနဲ့ ဈေးဝယ်လာတဲ့လူကို သတိထား
လျှောက်ရတယ်၊မြို့မဈေးလဲကြည့်းအုံး ဈေးအနောက်ဘက်ကoneway လမ်းတဲ့ ဈေးသည်လမ်းပေါ်တက်ရောင်းနေ
တာဘယ်မလဲ လမ်း၊ပလက်ဖောင်း သူတို့ခင်းထားတာတက်
နင်းမိရင်လျှော်ရအုံးမယ်၊လမ်းနယ်မပြောနဲ့လမ်းမြေတောင်
မမြင်ရတော့ဘူးဟ .....

၅.ကမ်းနားလမ်း
မင်းတို့ကိုပါးစပ်ထဲ ......ဆို့ထားလို့လား
အများပြည်သူ အပမ်းဖြေဖို့ လျှောက်စရာလမ်းမရှိဘူး
လက်ဖက်ရည်ဆိုင်တွေကခင်းထားလိုက်တဲ့စားပွဲတွေ
ပလက်ဖောင်းတောင်မရှိတော့ဘူးဟ
ဆိုက်ကယ်တွေက လမ်းပေါ်မှာရပ်၊ဒါကြတော့ ယာဉ်
အန္တာရာယ်မရှိတော့ဘူးလား

၆.မကွေးမြို့ ကားကြီးကွင်း
အငတ်ကြမ်းချက်ကတော့ဗျာ လက်လံတယ်
ဘယ်မြို့မှမကြားဖူးဘူး
အစိုးရပိုင်မော်တော်ယာဉ်တွေ ကိစ္စနဲ့ဝင်တာကို
ဝင်ကြေးတောင်းတယ်ဗျာ ဌာနဆိုင်ရာယာဉ်ပြောလဲ
စည်ပင်ကိုလေလံဆွဲရတာ မပေးရင်မဝင်ရဘူးဆိုပဲ ဗျ
ကဲဘယ်လိုလုပ်ကြမလဲ..

၇. ကောင်းမွန် (ဆေးရုံ)
ရှေ့မှာခင်းထားတာ ကွန်ကရစ် လမ်းအပြည့်ပါဗျာ ကဲပြော
ကြပါအုံး စည်ပင်လူကြီးများ..ကားကြီးကွင်းထဲလဲမြေခိုးပြီး
အဆောက်အဦးတွေဆောက်ထားတာလေ မင်းတို့စည်ပင်
မြေပဲဟ...
ပြောရရင်တော့ အများကြီးပဲ..တဖက်သတ်ကြီးတော့မလုပ်ကြပါနဲ့၊ မျှမျှတတလေးလုပ်ကြဟ...မင်းတို့စားမဲ့ဂွင်မစားရ
လို့ ညစ်ပြီး ဒီစာကိုထုပ်တာမသိဘူးတော့မထင်နဲ့ဟ...
မင်းတို့ထုပ်ထားတဲ့စာမင်းတို့သေချာရောဖတ်သလားဟ
မဖတ်ရသေးလဲကိစ္စမရှိပါဘူး။မင်းတို့က စားဖားဝနေပြီလေ
ရှက်ရကောင်းမှန်းမှမသိတာကိုကွ။ ပိုက်ဆံပေးနိုင်တဲ့
ခရိုနီတွေကြ မပြောကြဘူး။ တနေ့လုပ်မှတနေ့စားရတဲ့
ဘဝတွေကို လိုက်ဒုက္ခပေးနေကြတာပဲကွ....
မဟုတ်မခံ မကွေးသား's post.   မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment