မေလ(၁၈)ရက်
မကွေးတိုင်းဒေသကြီး|ငဖဲမြို့နယ်|စစ်တောကျေးရွာ|အိမ်အမှတ်(၈)တွင် သားအ
ငယ်ဆုံးဖြစ်သူ ဦးနု Tel-0933255146 ၏အိမ်နောက်ဖေး၌တဲအိမ်နှင့်သီးခြား တဦးတည်း
နေထိုင်သော အဘွား ဒေါ်သိန်းရင်(မြန်မာ/ဗုဒ္ဓ)သည် ယခု အသက်(၁၀၀)နှစ်ပြည့်ပြီး(၆)လ
နှင့်(၁၂)ရက် ကျော်လွန်၍ သက်ရှည်ကျမ်းမာစွာရှိနေကြောင်းသိရှိရသည်။
မြန်မာသက္ကရာဇ် ၁၂၇၆ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်(၅)ရက်နေ့တွင် ငဖဲမြို့နယ်
စစ်တောကျေးရွာ တွင် အဖ(ဦးဖိုးညွန့်)+အမိ(ဒေါ်နှင်းငွေ) တို့မှ မွေးဖွားခဲ့သော သားသမီး(၃)ဦးအ
နက် အဘွားမှအကြီးဆုံးသမီး ဖြစ်ကြောင်း နှင့်အဘွား ဒေါ်သိန်းရင် ၏ခင်ပွန်း(ဦးကြာဥ)နှင့်သားသ
မီး(၇)ဦးထွန်းကားလာရာမှ မြေး (၃၀)ယောက်|မြစ်(၃၀)ယောက်|တီ(၄)ယောက်နှင့်ကမ္ဘာ့စံချိန်လွန်
မြန်မာတို့ဂုဏ်ယူဘွယ်ရာသက်တော်ရှည်အဘွားဖြစ်ကြောင်း|ယခုအနေအထားတွင် အကြားအာရုံ
အားနည်းသည်မှလွဲ၍ ကျန်းမာစွာရှိလျှက်သားသမီး|မြေး|မြစ်များမှဝိုင်းဝန်းထောက်ပံ့ကျွေးမွေးပြုစု
နေရကြောင်းသိရှိရ၍``အမေကတော့လှုချင်တန်းချင်တဲ့ဆန္နတခုဘဲရှိပါတော့တယ် သားရယ်´´ဟု
အဘွားဒေါ်သိန်းရင် မှ အသံပီသစွာ မြေလတ်မီဒီယာ သို့ပြောသည်။
အောင်သူ(ငဖဲ)
0 comments:
Post a Comment