Tuesday, May 19, 2015

မိုးရွာသွန်းမှု့နှင့်အတူမိုးဦးသီးနှံများစတင်စိုက်ပျိုးလာကြ

နတ်မောက်             မေ ၁၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ဒေသတွင် မေလ(၁၆)ရက်နေ့က မိုးရွာသွန်းမှု ပြန့်ပြန့်နှံ့နှံ့ရှိခဲ့ပြီး ပထမဦးဆုံးအနေဖြင့် နယ်မြေအလိုက်မိုးရေချိန်(၁)လက်မ နီးပါးခန့်ရွာသွန်းခဲ့သဖြင့် မိုးဦးသီးနှံများစတင်စိုက်ပျိုးလျှက်ရှိ  ကြောင်းစိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦီးစီးမှူးဦးဇော်လင်းထံမှ သိရှိရသည်။ ယခင်မေလ(၁၁)ရက်နေ့က အချို့ကျေးရွာများတွင်မိုးရွာသွန်းမှုရှိခဲ့ပြီး မိုးဦးနှမ်းစိုက်ခင်းများစိုက်ပျိုးနိုင်ခဲ့ပြီး အချို့တောင်သူများကလည်း မိုးကြိုနှမ်းများကြဲပက်ထားရှိသဖြင့် အဆင်ပြေခဲ့ကြကြောင်းအ`အခုမိုးကနှမ်း  ပင်ပေါက်တွေအတွက်တော့ အားဆေးဖြစ်တတာပေါ့။ ဒီလိုလေးမိုးရွာပြီးမုတ်သုန်မိုးလေးမှန်လာမယ်ဆိုရင်တော့ တောင်သူတွေအဆင်ပြေကြမှာပါ´ဟု အလယ်ရွာကျေးရွာအုပ်စု ကျင်းတဲကုန်းရွာ တောင်သူတစ်ဦးထံမှ သိရှိရသည်။ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မတ်လကုန်မှစတင်၍ မိုးဦးသီးနှံမျိုးစေ့များအား စုဆောင်းဖြန့်ဖြူး ရောင်းချပေးလျှက်ရှိကြောင်း တောင်သူများ၏လိုအပ်ချက် ပြည့်မီစွာရရှိနိုင်ရေးအတွက် ဌာနအနေဖြင့် လည်းကောင်း အခြားဒေသရှိမျိုးစေ့ထုတ်ခြံနှင့် တောင်သူများထံမှလည်းကောင်း ကြိုတင်မှာယူစုဆောင်းဖြန့်ဖြူး ပေးလျှက်ရှိကြောင်းသိရှိရသည်။ ဌာနအနေနဲ့ယခင်နှစ်တွင် ဒေသအတွင်း မိုးကောင်းသောက် ယာမြေများတွင် ရေအနည်းလိုစပါးမျိုးများ စတင်စမ်းသပ်စိုက်ပျိုးနိုင်ခဲ့ပြီး ဒေသနှင့်သင့်တော်ဖြစ်ထွန်းသည့် အကောင်းဆုံး မျိုးများအား အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်း၍ ယခုနှစ်အတွင်း ဆက်လက်ပွါးများ စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း ယခုနှစ်တွင်လည်း အလားတူရေငတ်ခံစပါးမျိုး စမ်းသပ်စိုက်ပျိုးခြင်း (သက်လတ်)ပဲစဉ်းငုံမျိုးများ မျိုးယှဉ်ပြိုင်စမ်းသပ်ခြင်းများ ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း စမ်းသပ်အောင်  မြင်ရရှိသည့် သီးနှံမျိုးကွဲများကို ဒေသအတွင်းထောက်ခံ   ချက်ဖြင့် ဆက်လက်စိုက်ပျိုးပွါးများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း ဒေသရဲ့စိုက်ပျိုးမြေအများစုဟာ စစိုက်ပျိုးရေခက်ခဲပြီး မိုးကောင်းသောက် ယာမြေအများစုဖြစ်နေ  တော့မိုးရွာသွန်းမှုနဲ့စိုက်ပျိုး ရေရှိမှုအချက်ကတော့ စိုက်ခင်း ဖြည့်စွက်ရေခက်ခဲတဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအပေါ် များစွာအကျိုးသက်ရောက်လျှက်ရှိကြောင်း မြို့နယ်ဦးစီးမှူး    ဦးးဇော်လင်းထံမှ သိရှိရသည်။
                                       လှဝင်း

0 comments:

Post a Comment