ပခုက္ကူ
မေ ၂၈
၂၀၁၅-၂၀၁၆ ပညာသင်နှစ်
မြို.နယ်ကျောင်းအပ်နှံရေးနေ.အခမ်းအနားကို ပခုက္ကူအထက(၂)
၌ မေ ၂၈ ကကျင်ပခဲ့သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ.
သစ်တောနှင့်သတ္ထုတွင်းဝန်ကြီး ဦးသိန်း
ထွန်းက အဖွင့်အမှာစကားပြောကြားခြင်း၊ခရိုင်အုပ်ချုပ်ရေးမှူး
ဦကိုကိုလွင်က အမှာစကားပြောကြားပြီး၊ခရိုင်ပ
ညာရေးမှူး
ဦးမိုးဆွေက ယခုနှစ်တွင် မူလတန်းကျောင်းသားကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ
အပြင် ကျောင်းဝတ်စုံများကိုလည်း
ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မူလတန်းနှင့်အလယ်တန်းအဆင့်
ကို အခမဲ့ပညာရေးစနစ်အဖြစ်
နိုင်ငံတော်က စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အထက်တန်းအ
ဆင့်ကိုလည်း
အခမဲ့ပညာရေးစနစ်ဖြစ်အောင် စီစဉ်ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်မှအခမဲ့ပညာရေးကိုအ
ကောင်အထည်ဖော်နေချိန်တွင်
အခြေခံပညာကျောင်းများ၌ ငွေကြေးကောက်ခံမှုများ လုံးဝမပြုလုပ်ရန် ဆရာ
ဆရာမများအား
အသိပေးပြောကြားလိုကြောင်း၊ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးအတွက်
အားလုံးဝိုင်းဝန်း
ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ ကျောင်းသုံးဗလာစာအုပ်များ၊ကျောင်းဝတ်စုံများ၊မြို.နယ်
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအမျိုးသမီးရေးရာအဖွဲ.မှ
အလှူငွေကျပ်(၆)သိန်း၊ကြယ်စင်မောင်နှမပ
ရဟိတ လူငယ်များအသင်းမှ
အလှူငွေကျပ်(၈)သိန်းငါးသောင်းနှင့် မြို.နယ်ဖွံ.ထောက်ကော်မတီက ငွေကျပ်ငါး
သောင်း လှူဒါန်းခဲ့ရာ
တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသိရသည်။
ဥာဏ်တိုး(iprd)
0 comments:
Post a Comment