Saturday, May 16, 2015

(၁၇)ကြိမ်မြောက် ဆရာအတတ် ဒီပလိုမာ/လက်မှတ် အပ်နှင်း




မကွေး    မေ     ၁၅
          မကွေးတိုင်းဒေသကြီး မကွေးပညာရေးကောလိပ် (၁၇)ကြိမ်မြောက် ဆရာအတတ် ဒီပလိုမာ/ လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပညာရေးကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။
          ထို့နောက် မကွေးပညာရေးကောလိပ် ဒေါ်ချိုချိုစန်းမှ အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဆရာအတတ်ပညာ ဒီပလိုမာသင်တန်းအောင်မြင်ပြီးသူ(၃၈၄)ဦးအား ဆရာ အတတ် ဒီပလိုမာ/လက်မှတ်များ တစ်ဦးချင်းပေးအပ်ခဲ့သည်။ဆက်လက်၍ ကျောင်းအုပ်ကြီးမှ ဆရာ အတတ်ပညာ ဒီပလိုမာသင်တန်းအောင်မြင်ပြီးမြောက်ခဲ့သည့် အဝေးရောက်ပုဂ္ဂိုလ်များအား ဆရာအတတ် ပညာဒီပလိုမာ/လက်မှတ်များချီးမြှင့်ကြောင်း အတည်ပြုခြင်းဆောင်ရွက်ပြီး ဆရာအတတ် ပညာ ဒီပလိုမာသင်တန်းသား/သူများအား သြ၀ါဒစကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
          အဆိုပါသင်တန်းကို မကွေးပညာရေးကောလိပ်မှ (၁၇)ကြိမ်မြောက် ဆရာအတတ်ပညာ ဒီပလိုမာ/လက်မှတ် အပ်နှင်းခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်အထိ သင်တန်းသား/သူ (၄၈၆၅)ဦးကို ပညာရေးကဏ္ဍ အဆင့်တိုးမြှင့် ဆောင်ရွက်ရာတွင် ကဏ္ဍတစ်ခုအဖြစ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment