Saturday, May 16, 2015

ပခုက္ကူမြို့ပေါ်တွင် ဒေသခံပြည်သူများ ဆန္ဒထုတ်ဖေါ်ပွဲကျင်းပ



ပခုက္ကူ မေ ၁၆
          မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ပြည်သူ့ဆေးရုံကြီး၏ ပြုစုစောင့် ရှောက်မှု အားနည်းခြင်း၊ တာဝန်ရှိ ဆေးရုံအုပ်ကြီး၏ တာဝန်ယူမှု/တာဝန်ခံမှု အားနည်းခြင်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပခုက္ကူဆေးရုံကြီး၏ လိုအပ်ချက်များကို ဖြည့်စည်းပေးရေးတို့ကို အပြုသဘောနှင့် ထောက်ပြကန့်ကွက်ရန် ရည်ရွယ်ချက်ဖြင့် မေ ၁၆ ရက် နံနက် ၇ နာရီချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၄) ရပ်ကွက်၊ သီဟိုဠ်ရှင်ဘုရားတွင် စတင်စုဝေးပြီး ၇နာရီ၄၀မိနစ် တွင် အင်အား(၄၀) ဦးဖြင့် ဆုကြီးပန်လမ်းမှ စတင်ထွက်ခွာကာ မြို့မလမ်း၊ ကိန္နရီလမ်းသွယ်မှ မြို့မဈေးတစ်ပတ် ပတ်ခဲ့သည်။


ထို့နောက် “ ၃၀-၄-၂၀၁၅ ရက့်နေ့တွင် ဖြစ်ပွားခဲ့သည် (၄)နှစ် အရွယ်  မောင်ထူးမြတ်အောင် သေဆုံးသည့် ကိစ္စ အဖြစ်မှန်ပေါ်ပေါက်ရေး၊ လူနာတိုင်းအား နွေးထွေးစွာပြုစုစောင့်ရှောက်မှုပေးရေး၊ ပြည်သူ့ဆေးရုံကြီးဟု ဆိုသည့်အတိုင်း ပြည်သူများအားကိုးအားထားပြုရာ ပြည်သူ့ဆေးရုံကြီးဖြစ်ရေး၊ အဖက်ဖက်က ယိုယွင်းနေသော ပခုက္ကူမြို့ဆေးရုံကြီး၏ ပုံရိပ်ဆိုးများ ပပြောက်ရေး၊ ပြည်သူ့ဆေးရုံကြီး၏ ပြုစုစောင့်ရှောက်မှုခံယူရန် ရောက်ရှိ လာသောလူနာများအား ခွဲခြားဆက်ဆံ စောင့်ရှောက်ခြင်းများရပ်တန့်ရေး၊ ဆေးရုံကြီး၏ ဌာနတိုင်းမှ တာဝန်ကျ ဆေးရုံဝန်ထမ်းများ အရေးပေါ်အခြေနေတိုင်းတွင် မိမိတို့ တာဝန်ကျေပွန်စွာထမ်းဆောင်ပေးရေး၊ လူနာအင်အားနှင့် ၀န်ထမ်းအင်အား မမျှတမှုများ ရှိနေသည့်အတွက် ပခုက္ကူဆေးရုံကြီး၏ လိုအပ်ချက်များကို ဖြည့် စည်းပေးရေး ” စသည့် ၁ပေခွဲ ၂ပေ အနီရောင်အောက်ခံ အဖြူရောင်စာတမ်းပါ ပိုစတာ(၁၁)ခုကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည်ကာ ၈နာရီ ၄၀ မိနစ်ချိန်တွင် ဆေးရုံ(၂)ရုံကြား ထင်းတန်းလမ်းမပေါ်သို့ရောက်ရှိခဲ့ ကြသည်။

          ဆက်လက်၍ အဆိုပါထင်းတန်းလမ်းမပေါ်တွင် မောင်ထူးမြတ်အောင်၏ ဖြစ်စဉ်နှင့်ပတ်သက်၍ မိသားစုဝင် ဖြစ်သူ ဦးဝင်းခိုင်မှ ရှင်းလင်းပြောကြားခြင်း၊ ဦးမျိုးဇော်ထွေးမှဆန္နပြရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခြင်း၊ ဒေါ်တင်တင်မြင့်မှ ပခုက္ကူပြည်သူ့ဆေးရုံကြီး၏လူနာများအပေါ်ပြုစုစောင့် ရှောက်ခြင်းနှင့် ကုသမှုအကြောင်းအရာ များအား ရှင်းလင်းပြောကြားခြင်းများ ပြုလုပ်ခဲ့ပြီး ကြွေးကြော်သံ(၇)ချက်ဖြင့် ကြွေး ကြော်ကာ ၉ နာရီ ၅ မိနစ်တွင် ပြီးဆုံးခဲ့ပြီး ၉ နာရီ ၁၀ မိနစ်တွင် လူစုကွဲသွားခဲ့ကြောင်း သိရ။

                                                                                      ဥာဏ်တိုး(ပေါက်)

0 comments:

Post a Comment