Thursday, May 21, 2015

ပွင့်ဖြူ အမက(၁)၌ ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီး




ပွင့်ဖြူ     မေ     ၂၀
          မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အလယ်ပိုင်းရပ်ကွက် သရက်အုပ်လမ်းဆုံရှိ အမက(၁) ကျောင်းတွင် ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ် ပညာရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အသစ်တည် ဆောက်သည့် စာသင်ခန်း(၃)ခန်းပါ  ပေ ၆၀၊ပေ၃၀၊RC တစ်ထပ် ဆောက်လုပ်ခြင်းကို တင်ဒါရ နန်းမြင့်သူ ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
          အဆိုပါ ကျောင်းဆောင်သစတည်ဆောက်ပြီးစီးသည့် အတွက် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူများ ကျောင်းဆောင်သစ်တွင် ပညာသင်ကြားနိုင်မည်ဖြစ်ပြီး ကျောင်းဆောင်သစ် တည်ဆောက်ခြင်းအတွက် ကုန်ကျငွေမှာ ငွေကျပ်သန်းပေါင်း (၃၂ ဒသမ၄၀)ကုန်ကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment