Saturday, May 16, 2015

မိုးကြိုးပစ်ခံရ၍ လူတစ်ဦးသေဆုံး




ငဖဲ     မေ    ၁၅
          မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မေ  ၁၄ ရက်နေ့ ညနေ၅ နာရီခွဲအချိန်က ရင်းရှည်ကျေးရွာအုပ်စု ရင်းရျာ်ကျေးရွာ အောင်ချမ်းသာရပ်နေ ဦးစန်းလွင်(၄၅)နှစ်(ဘ)ဦးအောင်ကြည် သညမိုးအနည်းငယ်ရွာသွန်း ပြီးလေပြင်းအနည်းငယ် တိုက်ခတ်နေစဉ်တွင် ၄င်း၏နေအိမ်ဝိုင်းအတွင်းရှိ နေအိမ်၏မြောက်ဘက်တွင်ရှိ သောသရက်ပင်ပေါ်သို့တက်၍ သရက်သီးခူးနေစဉ် သရက်ပင်နှင့်ပေ(၃၀၀)ခန့်အကွာရှိသောနေရာသို့ လျှပ်စီးလက်ပြီး မိုးကြိုးပစ်စဉ် လျှပ်စီးစက်ကွင်းမလွတ်သဖြင့် အမြင့်(၁၅)ပေရှိ သရက်ပင်ပေါ်မှပြုတ်ကျပြီး ဦးခေါင်းနောက်စေ့ ညိုမဲဖူးရောင်ဒဏ်ရာ(၁)ချက်၊နောက်ကျောတွင် ပွန်းပဲ့ဒဏ်ရာ၊၀ဲ/ယာခြေသလုံးတို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် ပဒါန်းကျေးရွာ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီးဆေးကုသမှုခံယူနေစဉ် ရရှိ ဒဏ်ရာများကြောင့် သေဆုံးခဲ့သည်။
          အဆိုပါဖြစ်စဉ်အား သေမှုသေခင်းရေးဖွင့်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး သေမှုသေခင်း ဖွင့်လှစ်မှုအား ဆက်လက်တင်ပြသွာမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment