ပွင့်ဖြူ မေ
၂၈
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင်
ကျောင်းနေအရွယ် ကလေးတိုင်း မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို ပွင့်ဖြူအခြေခံပညာအထက်တန်းကျောင်းခန်းမတွင်
မေ ၂၇ ရက်နံနက် ၉ နာရီက ကျင်းပခဲ့ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဒေါက်တာထွန်းထွန်းက
အဖွင့် အမှာစကား ပြောကြားခဲ့ပြီးမြို့နယ်ပညာရေးမှူးမှကျောင်းအပ်နှံရေးနှင့်ပတ်သက်သည့်
ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၁၅-၂၀၁၆ပညာသင်နှစ် အတွက် ပညာရေးဝန်ကြီးဌာနမှ
ထောက်ပံ့သော ကျောင်းသုံးပုံနှိပ်၊ဗလာစာအုပ်နှင့်ကျောင်းဝတ်စုံများကို တာဝန်ရှိသူများမှ
ကျောင်းသား ကျောင်းသူများအား အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment