Sunday, May 17, 2015

လောက်ကိုင် ဒေသ ဖုန်ကြားရှင် ပွိုင့်-၂၂၀၂ တောင်ကုန်း ကို မြန်မာ့ တပ်မတော်က လက်နက် ခဲယမ်း များနှင့် အတူ အောင်မြင်စွာ သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မေမြာက်ဘက် စီကော်လျံဒေသ ဖုန်ကြားရှင် ၏ MNDAA  အခိုင်အမာ အခြေစိုက် ခံစစ်ဆင်ထားသော ပွိုင့် -၂၂၀၂  ကို ၁၄ ရက်နေ့ည ၁၀း၂၀ တွင် အောင်မြင်စွာ သိမ်းပိုက် လိုက် ကြောင်းသိရသည်။
ရာသီဥတု ဆိုးရွားခြင်း တောင်ကုန်းမြေ မတ်စောက်ခြင်း လမ်းပန်းကြမ်းတန်း ခြင်း ကန့်သတ်ချက်ရှိခြင်း တို့ကြောင့် ၂၄-၄-၁၅ မှစ၍  ပိတ်ဆို့ရင်ဆိုင် တိုက်ခိုက် ခဲ့ပြီး ၁၂-၅-၁၅ တွင်ရာသီဥတု ကောင်းမွန် ကာ မြေပြင်ပစ် အမြောက်တပ်ဖွဲ့ l သံချပ်ကာတိုက်ယာဉ်များ နှင့် လေကြောင်းပစ် ကူများ ရယူကာ တိုက်ပွဲများ အပြင်းအထန် ဆင်နွဲ ရာ ၁၄-၅-၁၅  ည ၁၀နာရီ ၂၀ မိနစ်တွင်  မြန်မာ့တပ်မတော်က အောင်မြင်စွာ သိမ်းပိုက် လိုက်ပ်သည်။
လောက်ကိုင်ဒေသ အတွင်း ဝင်ရောက် ကျူးကျော် ခဲ့သော MNDAA ဖုန်ကြားရှင် ၏ သောင်းကြမ်းသူ များအား တပ်မတော်စစ်ကြောင်းများက အပြင်းအထန် စနစ်တကျ ချေမှုန်း နေခြင်းကြောင့် ပြိုကွဲဆုတ်ခွာ ထွက်ပြေး သွားပြီး ပြန်လည်စုစည်း မှုကို ဟိုထိုလင် တောင်ဘက် နိုင်ငံ နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင် အမှတ် ၁၂၀  မတ်စောက် ကျောက်တောင် ပွိုင့်-၂၂၀၂ တောင်ကုန်းတွင် MNDAA က မြေအနေအထား အရ အသာစီး ရရှိထားပြီး တောင်ကုန်းပေါ်တွင် အခိုင်အမာ ဘန်ကာများ အဆင့်ဆင့် ဆောက်လုပ်၍ ခြံစည်းရိုး များကာရံကာ မိုင်းကွင်းနှင့်  အတားအဆီးများ ဖြင့် အင်အားကြီးမားစွာ ထိုးစစ် ဆင်ထားသော်လဲ တပ်မတော်မှ လေကြောင်းပစ်ကူများl အမြောက်လက်နက်ကြီးပစ်ကူများl သံချပ်ကာတိုက်ယာဉ်ပစ် ကူများ ရယူကာ စစ်ကြောင်း သုံးကြောင်း ခွဲ၍ ယင်း တောင်ကုန်းကို ယနေ့နံနက် ၉း၀၀နာရီမှာပွိုင့် ၂၀၇၁ ကိုလည်းကောင်း ညနေ  အရှင်ဖမ်း နှစ်ဦး အလောင်း ၂၄ လောင်း လက်နက်မျိုးစုံ ၉၄ လက် နှင့် ဆက်စပ်ပစ္စည်း များ သိမ်းဆည်း ရယူခဲ့ပြီး တပ်မတော် စစ်သည်အချို့ ကျဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရ ရှိသူများကို တပ်မတော်ဆေးရုံများသို့ အမြန်ဆုံးပို့ ကုသလျက်ရှိကြောင်းသိရသည်။
တပ်မတော်အနေနှင့် လောက်ကိုင်ဒေသတစ်ခုလုံး တည်ငြိမ်အေးချမ်းရေးအတွက် MNDAA သောင်းကျန်းသူ အကြွင်း အကျန်များ ဒေသအတွင်း နေထိုင် အခြေပြု လှုပ်ရှားမှုများ လုံးဝမရှိစေရေး ဆက်လက်၍ နယ်မြေရှင်းလင်း အမြစ်ပြတ် ချေမှုန်း တိုက်ခိုက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည် ။
 နိုင်ယုဝေ

0 comments:

Post a Comment