၂၀၁၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့ ညနေ(၆) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊
မကွေးခရိုင်၊ မကွေး မြို့နယ်၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည်
မကွေးတိုင်းဆေးရုံကြီးတွင် ဓါတ်လိုက်၍ သေဆုံးသော လူနာတစ်ဦး
ရောက်ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံး
သူမှာ မကွေးမြို့နယ်၊ ကန်သာလေး ကျေးရွာနေသူ ချစ်မင်းသူ(ခ) ချမ်းငြိမ်း
(၁၉)နှစ် ဖြစ်ပြီး ၁၆၄၅ အချိန်ခန့်တွင် ချစ်မင်းသူ(ခ)ချမ်းငြိမ်းသည်
မကွေးတိုင်းဆေးရုံကြီး အနောက် ဘက်ရှိ `အိအိ´ထမင်းဆိုင် ၏
ရှေ့မျက်နှာစာအဖီကို သွပ်မိုးနေစဉ် ဆေးရုံရှေ့ ဓါတ်တိုင်နှင့်
ထမင်းဆိုင်ရှိ လျှပ်စစ်မိန်းခုံအား သွယ်တန်း ထားသော 3044 အဖြူရောင်
လျှပ်စစ်ကြိုးမှာ လျော့ကျနေသဖြင့် ကြိုးအား ဆွဲတင်းစဉ် ဓါတ်ကြိုး တွင်
ပေါက်နေသော နေရာအား လက်ဖြင့် ဆုပ်ကိုင်မိသဖြင့် ဆိုင် ခေါင်မိုးပေါ်တွင်
လဲကျသွားစဉ် ဆိုင်ရှင် ဦးချိုဝင်းမှ တွေ့မြင့်၍ မကွေးဆေးရုံကြီးသို့
ပို့အပ်ခဲ့ရာ ပြင်ပလူနာဌာနသို့ ရောက်ရှိစဉ် သေဆုံးသွားကြောင်း
စစ်ဆေးသိရှိရပြီး ချစ်မင်းသူ(ခ)ချမ်းငြိမ်းတွင် ယာတံတောင် ပွန်းဒဏ်ရာ၊
ဝမ်းဗိုက် ချက်အထက်ပွန်းခြစ် ဒဏ်ရာ၊ ကျင်ငယ်ရည်များထွက်၍ သေဆုံး နေသည်ကို
တွေ့ရှိရသဖြင့် ၎င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ်
စစ်ဆေးနိုင်ရန်အတွက် မကွေးမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်
၅/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။ မကွေးသတင်းစုံ
0 comments:
Post a Comment