ပေါက်
ေ မ ၁၄
မေကွးတိုင်းဒေသကြီး၊
ပေါက်မြို့၊ အောင်တံခွန်တိုးချဲ့ရပ်ကွက်၊ ဗိုလ်ချုပ် လမ်းတောင်ဘက် မြို့နယ်ပြည်သူ့ဆေးရုံဝန်း
ဝန်ထမ်းလိုင်းခန်းနေ ဒေါ်လိန်းထုံး အွယ်(၄၇)နှစ်၊ ကျန်းမာရေးမှူး(၁)၏ (၅×၃)ပင်၊ (၄)ခန်းတွဲနေအိမ်တွင်
ရေခဲ သေတ္တာသုံးစွဲသော မီးကြိုးခွေအပူလွန်ကဲပြီး နေအိမ်ထရံမှ မီးကူးစက်ကာ မေ ၁၄ ရက်
နံနက် ၁၁ နာရီ ၂၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းသည့်နေရာသို့
မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်
မီးသတ်တပ်ဖွဲ့ဝင် (၁၆)ဦး၊ မီးသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်
(၂၀)ဦးနှင့် မြို့နယ်ပြည်သူလူထုမှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၄၀ မိနစ် တွင်
မီးညွန့်ကျိုးခဲ့ပြီး ၁၁ နာရီ ၄၅ မိနစ်တွင် မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုဖြစ်ပွားခြင်းကြောင့်
အခြားနေအိမ်များ ကူးစက်လောင်ကျွမ်းခဲ့ခြင်း၊ လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိကြောင်း
သိရသည်။
၎င်းဖြစ်စဉ်နှင့်
ပတ်သက်၍ လျှပ်စစ်မီးကို ပေါ့ဆစွာအသုံးပြုခဲ့သူ ဒေါ်လိန်းထုံးအွယ်အား ပေါက်မြို့မရဲစခန်းမှ
အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဥာဏ်တိုး(ပေါက်)
0 comments:
Post a Comment