Monday, May 11, 2015

ပွင့်ဖြူ၌ လေပြင်းထန်စွာ တိုက်ခတ်




ပွင့်ဖြူ     မေ    
          မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယနေ့ ညနေ ၃း၂၀ နာရီက ပွင့်ဖြူ တစ်မြို့နယ်လုံးနီးပါး လေပြင်းများ မိနစ် ၃၀ ခန့်ဝှေ့ရမ်းတိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းခြင်း မရှိဘဲ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပွားကာ သစ်ပင်ပြိုလဲကျခြင်း မိုးကြိုးထိမှန်၍ သေဆုံးခြင်းများ ဖြစ်ပွားခဲ့သည်။
          အဆိုပါ လေပြင်းဝှေ့ရမ်းတိုက်ခတ်မှုကြောင့် မင်းဘူး-စလင်း ကားလမ်းပေါ်ရှိ ပွင့်ဖြူမြို့နယ် လယ်ဖီလာကျေးရွာအနီးတွင် သစ်ပင်များလဲကျမှုကြောင့် ခရီးသွားယာဉ်များယာဉ်ကြောပိတ်ဆို့ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာများ၊မြို့နယ်ဖွင့်ထောက်ကော်မတီနှင့်ကြက်ခြေနီတပ်ဖွဲဝင်များမှလာရောက် ခုတ်ထွင်းရှင်းလင်းပေးခဲ့၍ ခရီးသွား ယာဉ်များ အဆင်ပြေစွာသွာလာနိုင်ခဲ့သည်။
          တစ်ချိန်တည်းမှာပင် ပွင့်ဖြူမြို့နယ် ဘိုကုန်းကျေးရွာ အရှေ့ဘက် မြောင်းဘောင်ဘေး၌ မတင်မင်းထွေး (၉)နှစ် စတုတ္ထတန်းကျောင်းသူသည် လေပြင်တိုက်ခတ်၍ သရက်သီးသွားရောက် ကောက်ယူရာ မိုးကြိုးပစ် ထိမှန်ပြီး နေရာတွင် ပွဲချင်းသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment