Saturday, May 16, 2015

မြိုင်မြို့၌၁၅ကြိမ်မြောက်အာစရိယပူဇော်ပွဲကျင်းပပြုလုပ်

  မကွေးတိုင်းဒေသကြီး ပခုက္ကူ
ခရိုင် မြိုင်မြို့အခြေခံပညာအထက်
တန်းကျောင်းပင်မပျင်ထောင်ကာ
ကျောင်းဆောင်၌မေ၂ရက်နေ့ နံနက်
၉နာရီက(၁၅ )ကြိမ်မြောက်အာစရိယ
ပူဇော်ပွဲကျင်းပပြုလုပ်သည်။
       ၂၀၀၀ ခုနှစ်မှစတင်၍မြိုင်မြို့အ
ထက်တန်မြင့်ကျောင်းထွက်ကျောင်း
သားကြီးများဦးဆောင်ပြုလုပ်လာသော
အငြိမ်းစားဆရာ/မကြီးများအားပူေ
ဇာ်
ကန်တော့်ပွဲကိုနှစ်စဉ်ကျင်းပပြုလုပ်ခဲ့
ရာယခုနှစ်တွင်လည်းအငြိမ်းစားဆရာ
/မ(၇၄)ဦးတို့ အားမြိုင်ကျောင်းသား/သူ
ဟောင်းများကစုပေါင်းပူဇော်ကန်တော့
ရာအပူဇော်ခံဆရာကြီးကဝမ်းသာပီတိ
စကားဆုံးမပြောကြားသည်။အဝေး
ရောက်ကျောင်းသား/သူဟောင်းများ
ကလည်းတနှစ်တစ်ခါပြန်လည်ဆုံစည်း
ခွင့်ရရန်ဖန်တီးခွင့်ပြုသည့်အငြိမ်းစားဆရာကြီးများနှင့်အခန်းအနားဖြစ်
မြောက်ရေးမျိုးဆက်သစ်ကျောင်းသား
ဟောင်းများကို ဂုဏ်ယူကျေူးဇူးတင်
စကားပြောကြားသည်။
   ပူဇော်ကန်တော့ပွဲတွင်မြိုင်တန်းမြင့်
ကျောင်းသား/သူဟောင်းများကသက်
ကြီးအငြိမ်းစားဆရာ/မ(၇၄)ဦးအားကျပ်
ငွေတစ်သိန်းနှင့်ဆေးဝါးပစ္စည်းများကန်
တော့ခဲ့ပြီး*စာဖတ်ခြင်းဖြင့်တိုင်းပြည်ပြု
ပါ*စာစောင်နှင့်အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကြကြောင်း
သိရသည်။
             စိန်မြိုင်(မြိုင်)

0 comments:

Post a Comment