Monday, May 25, 2015

အဝေးပြေးလမ်းမကြီးများဆိုင်ရာ အထူးခရီးသွားအာမခံလုပ်ငန်း နားလည်မှု သဘောတူ စာချုပ်ချုပ်ဆိုပွဲ ကျင်းပပြုလုပ်



မကွေး     မေ     ၂၄
          မကွေးတိုင်းဒေသကြီး မကွေးမြို့ အခြေစိုက်ခရီးသည်တင်ယာဉ်လိုင်းများနှင့် ဂလိုဘယ်ဝေါ(လ်) အာမခံကုမ္ပဏီတို့ အကြား အဝေးပြေးလမ်းမကြီးများဆိုင်ရာ အထူးခရီးသွားအာမခံ လုပ်ငန်းအတွက် နှစ်ဦးနှစ်ဘက် နားလည်မှု သဘောတူ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့ ကားကြီးကွင်းအတွင်းရှိ မထသ ဥက္ကဌ ရုံးခန်းမ၌ ကျင်းပခဲ့သည်။

          ရှေးဦးစွာ မကွေးမြို့နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးမြင့်စိုးမှ အမှာစကားပြောကြားခဲ့ပြီး ဂလိုဘယ်ဝေါ(လ်)အာမခံ ကုမ္ပဏီဒါရိုက်တာ ဦးစိုးဝင်းသန်းမှ အာမခံလုပ်ငန်း များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တောင်တွင်း-မကွေး-လားရှိုး ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍  အလုံးစုံမော်တော်ယာဉ်အာမခံ လျော်ကြေးငွေ (၁၇)သိန်းကျော်ကို စွယ်တော်ဖူး (Express)ယာဉ်လိုင်းပိုင်ရှင် ဦးအေးကိုထံပေးအပ်ခဲ့သည်။ထို့နေက် စွယ်တော်ဖူး ယာဉ်လိုင်းပိုင်ရှင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

          ဆက်လက်၍ မကွေးမြို့နယ် မော်တော်ယာဉ် လိုင်းပေါင်းစုံကြီးကြပ်မှုကော်မတီ ကားကြီးကွင်း အတွင်းရှိ မော်တော်ယာဉ်လိုင်း(၁၂)လိုင်းတို့  MOU သက်တမ်းတိုး စာချုပ်ချုပ်ဆိုခြင်း ဆောင်ရွက်ခဲ့ပြီး ဂလိုဘယ်ဝေါ(လ်)အာမခံကုမ္ပဏီမှ ခရီးသွားပြည်သူများ ကြည့်ရှုအပန်းဖြေနိုင်ရန်  LG- (Flat)အမျိုးအစား (၄၂’’)ရောင်စုံရုပ်မြင်သံကြားစက်တစ်လုံးကို ယာဉ်လိုင်းများကိုယ်စား ဥက္ကဌ ဦးမြင့်စိုးထံ ပေးအပ်လှူဒါန်းခဲ့ ကြောင်းသိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment