Saturday, May 16, 2015

မကွေးမြို့နယ်တွင် မိုးအကြိုစိုက်ပျိုးကြသည့်တောင်သူများ မိုးမျော်လျှက်ရှိ




  မကွေး  မေ  
  လယ်ယာစိုက်ပျိုးရေးကိုအဓိကအားထားလုပ်ကိုင်ကြသည့်တောင်သူများမိုးဦးကျလျှင် အလုပ်အကိုင်နှင့်စိုက်ပျိုးရေးလုပ်ငန်း
အလုပ်ရှုပ်ခြင်း အချိန်ကုန်ခြင်းသက်သာစေရန်ဧပြီလယ်မှစ၍နှမ်းများစိုက်ပျိုးကြရာ မေလအလယ်သို့ရောက်ရှိလာ
သည့်အထိ
မိုးရွာသွန်းခြင်းမရှိသဖြင့် အရင်းအနှီးမြှပ်နှံ့မူမဆုံးရှုံးမနှစ်နာစေရန်နှင့်သီးနှံများအပျက်အစီးအလေအလွင့်မရှိစေရန် အတွက်
မိုးမျော်နေကြကြောင်းသိရှိရသည်။
  မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ မကြီးကန် ပုထိုးစမ်း သပြေစမ်းကျေးရွာများအပြင် ယင်းဆိပ်တိုက်နယ်အတွင်းရှိကျေး
ရွာများမှတောင်သူများလည်းဧပြီလ ၁၈ ရက်မှစ၍မိုးအကြို နှမ်းများစိုက်ပျိုးကြရာ မေလအလယ်အထိမိုးရွာသွန်းခြင်းမရှိသဖြင့်
ရာသီဥတုပူပြင်းလှသောဒဏ်ကြောင့် နှမ်းမျိုးများပျက်စီးဆုံးရှုံးမည့်အပြင်လုပ်အားခစရိတ်များလည်း
အကုန်အကျများသဖြင့်မိုး
မျော်နေကြရကြောင်း မကြီးကန်ကျေးရွာမှတောင်သူတစ်ဦးပြောပြ၍သိရှိရသည်။
  "ယခုနှစ် နှမ်းမျိုးဈေးက မနှစ်ကထက်ပိုတယ်။စမှုံနက်ကတစ်တင်းရှစ်သောင်းကျပ်အထိပေးရတယ်။နှမ်းအဖြူကတစ်တင်း
လေးသောင်းခွဲအထိပေးပြီးစိုက်ရတယ်။အခုအချိန်ကလုပ်ငန်းပါးချိန်ဆိုတော့ ကိုယ်လှည်း ကိုယ်နွားနဲ့စိုက်ကြတယ်။လယ်ထွန်
စက်တွေလည်းရှိကြတယ်။လယ်ထွန်စက်တွေကမိုးဦးကျ မြေပဲစိုက်ချိန်မှသာအသုံးပြုကြတယ်။နှမ်း
စိုက်ပျိုးတာတော့တောင်သူ
တော်တော်များများစိုက်ပျိုးပြီးကုန်ကြပြီ။တောင်သူတစ်ဦး ဆယ်ဧကကျော်အထိစိုက်ပျိုးထားကြသလိုကိုယ်ပိုင်နှမ်းမျိုးမရရှိသူက
ဝယ်ကြတော့နှမ်းမျိုးဖိုးတင် နှစ်သိန်းနီးပါးအထိကျန်ကျထားတော့မိုးမျော်နေကြတယ်။နွားတစ်ရှဉ်းငှာ ကျဲရင်တစ်မနက် လေးထောင်ကျပ်မှငါးထေါင်ကျပ်အထိပေးရတယ်။လယ်ထွန်စက်ကတစ်နာရီ
တစ်သောင်းနှစ်ထောင်ကနေတစ်သောင်းခွဲအထိ
ပေးကြရတယ်"ဟု၎င်းကဆက်လက်ပြောပြသည်။
ဇွဲထက်ရှင်

0 comments:

Post a Comment