Monday, May 25, 2015

ဝန်ထမ်းသားသမီးများပညာသင်ထောက်ပံ့ကြေးပေးအပ်

ဝန်ထမ်းသားသမီးများပညာသင်ထောက်ပံ့ကြေးပေးအပ်

တောင်တွင်းကြီး  မေ. (၂၄)

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းသားသမီးများအား ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက်  ပညာသင်ထောက်ပံ့ကြေးနှင့်စာရေးကိရိယာပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မေလ(၂၄)ရက် နံနက် (၁၀)နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်၊ရပ်ကွက်၊ကျေးရွာအုပ်စုဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ၊၀န်ထမ်းမိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၀န်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများကို တာဝန်ရှိသူအသီးသီးက ပေးအပ်ချီးမြင့်ခဲ့သည်။ထို့နောက် ၀န်းများကိုယ်စား ဆတ်သွားကျေးရွာအုပ်စုရုံးစာရေး ဦးဇော်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
တောင်တွင်းကြီးမြို့နယ်အနေဖြင့် ၀န်ထမ်းသားသမီးများဖြစ်သော  တက္ကသိုလ် ကျောင်းသားကျောင်းသူ (၁၅)ဦး၊ အခြေခံပညာအထက်တန်းကျောင်းသားကျောင်းသူ(၁၅)ဦး၊ အလယ်တန်းကျောင်းသားကျောင်းသူ(၁၅)ဦး၊ မူလတန်းကျောင်းသားကျောင်းသူ(၂၀)ဦး၊ မူလတန်းကြိုကျောင်းသားကျောင်းသူ(၄)ဦး၊ စုစုပေါင်းကျောင်းသားကျောင်းသူ(၆၉)ဦးတို့အား ကျောင်းသုံးဗလာစာအုပ်၊ခဲတံ၊ဘောလ်ပင်နှင့်ပညာသင်ထောင်ပံ့ကြေး စုစုပေါင်း ငွေကျပ်(၅၇၉၅၀၀ိ/-)တိတိအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဗိုလ်ပြည့် (တောင်တွင်းကြီး)

0 comments:

Post a Comment