မကွေး မတ်
၎
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အခြေပြု
မူလတန်း ဆရာအတတ်ပညာအထူးသင်တန်း (၂/၂၀၁၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေး
အထက(၄)အစည်းဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးဦးမြင့်သိန်း၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးစောထွန်းဦးနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ခရိုင်ပညာရေးမှူးနှင့်သင်တန်းနည်းပြ
ဆရာ/ဆရာမများ၊သင်တန်းသား/သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး
ဦးမြင့်သိန်းမှ သင်တန်းဖွင့်အမှာစကား ပြောကြားပြီး မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးဦးစောထွန်းဦးမှအုပ်ချုပ်ရေးနှင့်ပညာ
ရေးပေါင်းစပ်ညှိနှိုင်းပြီး မကွေးမြို့နယ်ပညာရေးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြရန်
လမ်းညွှန် စကားပြောကြားခဲ့သည်။ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက သင်တန်းပို့ချရခြင်း၏
ရည်ရွယ်ချက်နှင့်သင်တန်းတွင်လိုက်နာရမည့်စည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့
၂၀၁၄ခုနှစ်တွင် နေ့စားလပေးဖြင့်မကွေးမြို့နယ်အတွင်းခန့်ထားသော မူလတန်းပြ ဆရာ/ဆရာမ(၁၃၄)ဦး
တက်ရောက်ပြီး(၄.၅.၂၀၁၅)ရက်နေ့မှ(၈.၆.၂၀၁၅)ရက်ထိ ပညာရေး သဘောတရား၊ပညာရေးစိတ်ပညာ၊စာပေဘာသာရပ်၊ဖွံ့ဖြိုးရေးဘာသာရပ်များ
စသည်ဖြင့်ဘာသာရပ် (၁၃) ခုကို နည်းပြဆရာ(၁၃)ဦးမှပို့ချသွားမည်ဖြစ်ပြီး မကွေးမြို့နယ်အခြေပြု
မူလတန်း ဆရာအတတ်ပညာ ဆရာဖြစ်သင်တန်းဆင်းလက်မှတ်များပေးအပ်သွားမည်ဖြစ်ကာ နိုင်ငံတော်၏ပညာရေးကဏ္ဍ
အဆင့် တိုးမြှင့်ဆောင်ရွက်ရာတွင်တစ်ဖက်တစ်လမ်းမှအထောက်အကူပြု သင်တန်းဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment