Tuesday, May 19, 2015

မင်းလှမြို့ပေါ်ဓားကိုင်ရမ်းကားသူအား အမှုဖွင့်အရေးယူ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့ မြို့မလမ်မကြီးအပေါ် ၁၄၊၅၊
၂၀၁၅ရက်နေ့ ညနေ၅နာရီခန့်က ဓားကိုင်ဆောင်၍ ပြည်သူများထိတ်လန့်ခြောက်ခြားစေရန်နှင့်လမ်းသွားလာပြည်သူများအား မကြားဝံမနာသာ စကားများဖြင့်အော်ဟစ်ကြိမ်းမောင်းနေသော မင်းလှမြို့နယ် ဒဟတ်ပင်ရေနံမှော်မှ ရေနံလုပ်ငန်းရှင်ကျော်ဝင်းမောင် ၃၇နှစ်(ဘ)ဦးမောင်အေးအား မင်လှမြို့မရဲစခန်းမှအမှုစစ်ဒုရဲအုပ်ဇော်မင်းထိုက်က  ၁၆၊၅၊၂၀၁၅ရက်ကတရားလိုပြုလုပ်ကာ (ပ)၆၇/၂၀၁၅၊ပြစ်မှုပုဒ်မ၂၉၄/၅၀၆အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း
မင်းလှမြို့မရဲစခန်း၏အတည်ပြုချက်အရသိရှိရသည်။

   ဖြစ်စဉ်မှာ မင်းလှမြို့နယ် ဒဟတ်ပင်ရေနံမှော်မှ ရေနံလုပ်ငန်းရှင် ကိုကျော်ဝင်းမောင်သည် ၁၄၊၅၊၂၀၁၅
ရက်နေ့ ညနေ၅နာရီခန့်တွင် မင်းလှမြို့မိန်းလမ်းမကြီးပေါ်၌ကင်ဒိုဓားကိုင်ဆောင်၍ ပြည်သူများအားထိတ်လန့်ခြောက်ခြာ
စေရန် ၎င်း၏ကားအားလမ်းမကြီးအလယ်တွင်ရပ်ထားကာ လမ်းသွားလမ်းလာပြည်သူများ၏ ကားနှင့်ဆိုင်ကယ်များကိုကို ရပ်တန့်စေပြီး ဓားပြခြိမ်းခြောက်ကာ မကြားဝံမနာသာစကားများဖြင့် ဆဲဆိုအော်ဟစ်ကြိမ်းမောင်းခဲ့ပြီး ၎င်း၏ကားဖြင့်လမ်းသွားလမ်းလာများအား လိုက်လံတိုက်ခိုက်သဖြင့် လမ်းသွားလမ်းလာများအသက်လုရှောင်ရှားထွက်ပြေးကြရကြောင်း၊၎င်းနောက်မင်းလှရဲစခန်းရှေ့တည့်တည့်တွင် ကားကိုရပ်တန့်ကာ ရဲစခန်းအားမထီမဲ့မြင်ပြုမှုရမ်းကားခဲ့ကာ မင်းလှရဲစခန်း
အတွင်းမှ နယ်ထိန်းခေါင်းဆောင်နှင့်တာဝန်ကျဒုရဲအုပ်တို့ထွက်လာပြီး  ရမ်းကားဆိုးသွမ်းသူအား  အရေးမယူဘဲ ချောမော့ပြန်လွတ်လိုက်ကြောင်း ၎င်းရမ်းကားသူသည် သူ၏ကားဖြင့်မင်းလှမြို့မရဲစခန်းရှေ့လမ်းဆုံမှ တမာပင်အား တရကြမ်းမောင်းနှင်ကာ၁၀ပတ်ခန့်ပတ်ပြီး မထီမဲ့မြင်ပြု
လုပ်ခဲ့၍ လမ်းသွားလမ်းလာများအထိတ်တလန့်ထွက်ပြေးရှောင်ရှားခဲ့ရကြောင်း၊ဆက်လက်၍ မင်းလှမြို့အထွေထွေအုပ်ချုပ်ရေးဦးစီး
ဌာနသို့ကားအားလမ်းလုံးပြည့်တရကြမ်းမောင်းနှင်းသွားကာ ထွေအုပ်ရုံးရှေ့
တည့်တည့်လမ်းမကြီးအလယ်တွင် ကားကိုရပ်တန့်ထားခဲ့ပြီး အင်္ကျီမပါအ
ပေါ်ပိုင်းဗလာဖြင့် ထွေအုပ်ရုံးထဲသို့ဝင်ရောက်သွားကြောင်း၊အဆိုပါဖြစ်စဉ်အား မြို့နယ်တွင်အာ
ဏာအရှိဆုံးအဖွဲ့အစည်းများမှ အရေးယူထိန်းချုပ်ခြင်းမပြုဘဲ လွှတ်ထားသဖြင့် အေးချမ်းစွာနေလို
သောမြို့သူမြို့သားများမှာ ၎င်း၏ဆိုးသွမ်းရမ်းကားမှုအား စိုးရွံ့ကြောက်လန့်စွာနေထိုင်နေရ၍ အမြန်ဆုံးအရေးယူပေးပါရန် လိုလားနေကြောင်းသိရှိရသည်။

            အောင်ကောင်းစည်

0 comments:

Post a Comment