ဂန့်ဂေါ မေ
၁၅
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ပခုက္ကူ-ပေါက်-ထီးလင်း-ဂန့်ဂေါလမ်းပေါ်ရှိ
မြစ်သာ-၁(မင်းရွာ)တံတားဖွင့်ပွဲ အခမ်းအနားကို မေ ၁၂ ရက်နံနက် ၉ နာရီက အဆိုပါတံတားမုခ်ဦးထိပ်၌
ကျင်းပရာ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဘုန်းမ်ာရွှေ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တည်ဆောက်ရေး(၂)ညွှန်ကြားရေးမှူးဦးကျော်လင်းမှ
မြစ်သာ-၁ (မင်းရွာ)တံတားတည်ဆောက်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီး
ဒေသခံ ပြည်သူတစ်ဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ဆက်လက်၍ မြစ်သာ-၁(မင်းရွာ)တံတားကို
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဦးဝင်းမြင့်မောင်၊မကွေးတိုင်းဒေသကြီး
မဲဆန္ဒ နယ်အမှတ်(၁၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် တည်ဆောက်ရေး(၂)ညွှန်ကြားရေးမှူး
ဦးကျော်လင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မုခ်ဦးရှေ့တွင် ဖွင့်ပွဲအထိမ်းအမှတ်ဓာတ်ပုံရိုက်ကူး
ခဲ့ကြသည်။
၎င်းနောက် အဆိုပါတံတား ကမ္မည်းမော်ကွန်းကျောက်စာတိုင်ကိုတိုင်းဒေသကြီးဝန်ကြီးချုပ်မှ
စက်ခလုပ်နှိပ်၍ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်ဧည့်ပရိသတ်များက
တံတားပေါ်သို့ ဖြတ်သန်းကြည့်ရှုခဲ့ ကြသည်။
မြစ်သာ-၁(မင်းရွာ)တံတားသည် ပခုက္ကူ-ပေါက်-ထီးလင်း-ဂန့်ဂေါကားလမ်း
မိုင်တိုင်အမှတ် (၁၂၆/၂) နှင့်(၁၂၆/၃)ကြားတွင်တည်ရှိ၍ အရှည်ပေ(၄၀၀)၊ယာဉ်သွားလမ်းအကျယ်
၁၃ ပေ ၉ လက်မ၊ ရေလမ်းကင်းလွတ် အမြင့် ၅ ပေ၊ရေလမ်းကင်းလွတ်အကျယ် ၈၆ ပေ နှစ်လွှာတစ်ထပ်ဘေလီတံတားဖြစ်ပြီး
တံတားတည်ဆောက်ရေးအဖွဲ့(၂)မှတာဝန်ယူကာ (၈-၉-၂၀၁၄)ရက်နေ့တွင်စီမံကိန်းစတင်ဆောင်ရွက်ခဲ့ပြီး
(၃၁-၃-၂၀၁၅)၇က်နေ့တွင် တံတားတည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးဆောင်ရွက်နိုင်ခဲ့သည်။ ဂန့်ဂေါမြို့နယ်
တွင်မြစ်သာမြစ်ကူးတံတားများဖြစ်သည့် မြစ်သာ-၁(မင်းရွာ)တံတားနှင့်မြစ်သာ-၂(ပျားရွာ)တံတား
နှစ်စင်း တည်ဆောက်ဖွင့်လှစ်ပေးခဲ့၍ ဂန့်ဂေါခရိုင်
ယောဒေသရဲ့ လူမှုစီးပွားဘ၀ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ဒေသခံပြည်သူများ ၀မ်းမြောက်ပျော်ရွှင်လျက်ရှိကြကြောင်း
သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment