Wednesday, May 27, 2015

၂၇၊၅၊၂၀၁၅ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း အလုပ်အမှုဆောင်အဖွဲ့နှင့် မကွေးတိုင်း ၂၅မြို့နယ်တွေ့ဆုံဆွေးနွေးပွဲ။

Nay Myo Kyaw added 2 new photos. မှ ကူးယူဖော်ပြသည်။
2 hrs · Edited ·
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း
အလုပ်အမှုဆောင်အဖွဲ့နှင့် မကွေးတိုင်း ၂၅မြို့နယ်တွေ့ဆုံဆွေးနွေးပွဲ။
ဒီကနေ့ဆွေးနွေးပွဲမှအမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ပူးတွဲထုတ်ပြန်ကြေညာသော
နိုင်ငံရေးပူးတွဲကြေညာစာတမ်းကိုမကွေးတိုင်းကထောက်ခံကြောင်းဆုံးဖြတ်ခဲ့ပါတယ်။
၂၇၊၅၊၂၀၁၅



မကွေးတိုင်း(၂၅)မြို့နယ်တွေ့ဆုံဆွေးနွေးပွဲ
********************************
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊မကွေးတိုင်းအလုပ်အမှုဆောင်အဖွဲ့နှင့်ခရိုင် ၅ ခရိုင်ဥက္ကဌများ၊မကွေးတိုင်း ၂၅ မြို့နယ်
အလုပ်အမှုဆောင်အဖွဲ့ဥက္ကဌများတွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီးအောက်ပါအစီအစဉ်အတိုင်းကျင်းပသွားမည်ဖြစ်သည်။
ကျင်းပမည့်နေရာ - တိုင်းရုံး၊အမှတ် ၃၀၊ အိုးဘို၆ လမ်း၊မကွေးမြို့။
အချိန် - နံနက်၁၀ နာရီ
နေ့ရက် - ၂၇၊မေလ၊၂၀၁၅။

တွေ့ဆုံဆွေးနွေးပွဲသို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဒေါက်တာအောင်မိုးညိုနှင့်မကွေးတိုင်းမှပြည်သူလွှတ်တော်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ
ဗဟိုကော်မတီဝင်များဗဟိုနှင့်တိုင်းအောင်နိုင်ရေးအဖွဲ့ဝင်များလည်းတက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။
အတွင်းရေးမှူး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မ ကွေး တို င်း။

မှတ်ချက်။      မြေလတ်မီဒီယာ မှ ရရှိသော သတင်း

 အဆိုပါဆွေးနွေးပွဲတွင် အဓိက ရည်ရွယ်ချက်မှာ တိုင်းဒေသကြီးအတွင်းမှ ကျေးရွာများအထိ မဲစာရင်းကြေညာပေးမည်ဖြစ်သည်။၂၀၁၅၊ ဇွန် ၅ ရက်နေ့မှ စတင်၍ ဆောင်ရွက်ကြမည်။ မဲစာရင်းမှာ မသမာမူများမဖြေစ်အောင် မဲပေးခွင့်သူမကျန်အောင်ဆောင်ရွက်ရေး၊ မဲစာရင်းများ မထပ်အောင်၊ မပါသင့်သောသူများ မဲစာရင်းတွင် မပါရေးတို့ကို ဆောင်ရွက်သွားမည်ဟု အဆိုပါတွေ့ဆုံပွဲမှ တက်ရောက်သူ တစ်ဦးက ရှင်းလင်းပြောဆိုကြောင်း မြေလတ်မီဒီယာက သတင်းရရှိသည်။

0 comments:

Post a Comment