မင်းဘူး မေ
၁၄
မင်းဘူးမြို့နယ်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၆ ဘဏ္ဍာရေးနှစ် အတွက် မင်းဘူးမြို့နယ်
မုန်တောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် မေ ၁၁ ရက်နံနက် ၉ နာရီက ကွန်ပျူတာအခြေခံသင်တန်းကို
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် (ABC Professinal Training
Center)ကုမ္ပဏီတို့ ပူပေါင်း၍ သင်တန်းသား/သူ(၄၀)ဦးအား သင်ကြားပို့ချ သွားမည်ဖြစ်ပြီး
အဆိုပါသင်တန်းကို မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ
ညွှန်ကြားရေးမှူး ဦးနေထက်ရှိန် မှသင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment