Sunday, May 17, 2015

မကွေးမြို့နယ် ကန်ဦးကျေးရွာတွင် ပညာတန်ဆောင် စာကြည့်တိုက် အဆောက်အဦသစ် ဖွင့်လှစ်




မကွေး      မေ       ၁၆
          မကွေးမြို့နယ် ဂျုတ်ကုန်းကျေးရွာအုပ်စု ကန်ဦးကျေးရွာတွင် ယနေ့နံနက် ၉ နာရီက ပညာတန် ဆောင် စာကြည့်တိုက် အဆောက်အဦသစ်ဖွင့်ပွဲကျင်းပရာ ကန်ဦးကျောင်းဆရာတော် ဦးဝိလာသဂ္ဂ၊မကွေး ခ၇ိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဦးမျိုးမောင်မောင်ကျော်၊ကန်ဦးကျေးရွာ
ရပ်မိရပ်ဖဦးမျိုးညွန့်တို့က ပညာတန်ဆောင် စာကြည့်တိုက် အဆောက်အဦသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တက်ရောက်လာသော ဧည့်သည်တော်များမှ စာကြည့်တိုက်အဆောက်အဦသစ်အတွင်း လှည်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

          ထိုနောက် ဖွင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစောထွန်းဦးက အဖွင့် အမှာစကားပြောကြားပြီး ခရိုင်ပြန်/ဆက်ဦးစီးအရာရှိဦးမြင့်သန်းမှ စာကြည့်တိုက်ရေရှည်တည်တံ့ရေး၊ စာအုပ်စာစောင်တိုးပွားရေးနှင့် စာကြည့်တိုက်နှင့်ပတ်သက်သည့် ကိစ္စရပ်များအား ရှင်းလင်းပြော ကြားခဲ့သည်။

          ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်းလှူဒါန်းသည့် (၂၄)လက်မ ရောင်စုံရုပ်မြင်သံ ကြားပြစက်အား မြို့နယ်အုပ်ချုပ်ရေးမှူးမှလည်းကောင်း၊ သုတ၊ရသစာအုပ်/စာစောင် (၁၅၀) အုပ်အား မြို့နယ်ပြန်/ဆက်ဦးစီးမှူးမှလည်းကောင်းပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများမှ လက်ခံရယူပြီး ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

          အဆိုပါ အခမ်းအနားသို့ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ခရိုင်ပြန်/ဆက်ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များ၊ကျောင်းသား/ ကျောင်းသူများတက်ရောက်ကြပြီး အဆောက်အဦးမှာ အလျှား၂၄-ပေ၊အနံ၁၄-ပေ၊အမြင့် ၁၂-ပေရှိ သွပ်မိုး အုတ်ကာ တမံသလင်းခင်း အဆောက်အဦဖြစ်ပြီး စုစုပေါင်းငွေကျပ်(၂၇)သိန်းကျော် ကုန်ကျခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment