Sunday, May 17, 2015

၂၀၁၅ခုနှစ် အခြေခံစာတတ်မြောက်ရေ့း လှုပ်ရှားမှု ဂုဏ်ပြုပွဲ ပွင့်ဖြူမြို့၌ ကျင်းပ




ပွင့်ဖြူ    မေ    ၁၅
       မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်တွင်၂၀၁၅ခုနှစ်အခြေခံစာတတ်မြောက်ရေးနေ့ လှုပ်ရှားမှု ဂုဏ်ပြုပွဲ အခမ်းအနားကို မေ ၁၅ ရက်နေ့ နံနက် ၉း၀၀နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် မွေးမြူရေး၊့ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဦးအောင်နိုင်က အဖွင့်အမှာစကားပြောကြားပြီး စာသင်သားများ ကိုယ်စား၊ကိုယ်စားလှယ်တစ်ဦးမှကျေးဇူးတင်စကားပြောကြားခဲ့သည်။ 

ဆက်လက်၍ ၀န်ကြီးဦးအောင်နိုင်မှ မြို့နယ်လုံးကျွတ် စာတတ်မြောက်ရေးလှုပ်ရှားမှုများတွင် စေတနာအလျောက် အားကြိုးမာန်တက် လုပ်အားပေးခဲ့သည့် ရေနံချောင်းဒီဂရီကောလိပ်မှ ကြီးကြပ်သူများနှင့်လုပ်အားပေး တက္ကသိုလ်ကျောင်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး  ခရိုင်ပညာရေးမှူးမှ စာသင်သားများကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။

          အဆိုပါစာတတ်မြောက်ရေးနေ့လှုပ်ရှားမှုကို ဧပြီ(၁)ရက်နေ့မှ မေ(၁၅)ရက်နေ့ အထိ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး စာသင်သားတစ်ဦးမှ ကျွန်မငယ်ငယ်ကစာမသင်ခဲ့ရတာကို အရမ်းဝမ်းနည်းနေမိပါတယ် သူများကိုသာအားကိုးခဲ့ရပြီး ဒုက္ခရောက်ခဲ့ရပါတယ် ခုအဲဒီဒုက္ခ တွေလွတ်မြောက်သွားပါပြီ ကျွန်မတို့ကိုစာသင်ရအောင် ကူညီဆောင်ရွက်တဲ့တာဝန်ရှိလူကြီးများနဲ့ စေတနာဖြင့်စာသင်ပေးလာကြတဲ့ ဆရာ/ဆရာမများအားလုံးကို အထူးပင်ကျေးဇူးတင်ပါတယ်ဟု စာသင်းသား၏စာတတ်မြောက်ခဲ့ရ၍ ပြောကြားခဲ့သည့် ရင်တွင်းဝမ်းသာပီတိစကားသံကို ကြားသိ ခဲ့ရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment