Monday, May 11, 2015

ပိုက်ဆံအိတ်ပျောက်ဆုံး တွေ့ရှိသူမှ ပိုင်ရှင်ထံ ပြန်လည်ပေးအပ်

 
    မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူ မြို့သို့ မေလ (၈)ရက်နေ့ နံနက်(၁၀)နာရိအ ချိန်က ဂျပန်နိုင်ငံသား Mr.Tomoyoki သည် ပခုက္ကူမြို့မရဲစခန်းသို့ ပိုက်ဆံအိတ် ပျောက်ဆုံးသွားသဖြင့် စုံစမ်းရှာဖွေပေးရန် အကူအညီတောင်းခံခဲ့သည်။
    မေလ(၅)ရက်နေ့ (၁၇၀၀)နာရီအချိန်က မန္တလေးမှပခုက္ကူသို့မော်တော်ယာဉ်ဖြင့် လာ ရောက်ခဲ့ပြီး သုခဟိုတယ်တွင် အခန်းကြို တင်မှာကာ ပခုက္ကူဘူတာမှတဆင့်ရထားဖြင့် ဆိပ်ဖြူသို့ သွားရောက်ကြောင်း ဆိပ်ဖြူမှ ပခုက္ကူသို့ ရထားဖြင့်ပြန်လာကြောင်း မေလ (၆)ရက်နေ့တွင် ဟိုတယ်အခန်းခငွေပေးချေ မည်ပြုစဉ် ပိုက်ဆံအိတ်ပျောက်ဆုံးမှန်း သိရှိ ရပြီးအဆိုပါဖြစ်စဉ်အားပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းလှိုင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် တင့်နိုင်ဝင်းပါ(၂+၅)ဦးတို့အဖွဲ့သည်
၎င်းတည်းခိုသည့် ဟိုတယ်သို့သွားရောက်ပြီး တည်းခိုသည့်အခန်းအား ရှာဖွေစစ်ဆေးခြင်း အဆိုပါဂျပန်နိုင်ငံသား စီးနင်းလိုက်ပါလာ သော ကားလက်မှတ်မှဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းစီးနင်း လိုက်ပါလာသည့် ကမ္မရာဇာ(ကမ္မ-မန္တလေး)
ခရီးသည်တင်ယာဉ်ငယ်လိုင်းမှ(1E/3588) ကားပိုင်ရှင် ဦးညွန့်လွင်မှနေအိမ်သို့ ယာဉ် မောင်းမှ ကားလာအပ်စဉ် သန့်ရှင်းရေးလုပ် ရာ၌ ပိုက်ဆံအိတ်ကိုတွေ့ရှိခဲ့ရာသိမ်းဆည်း ထားခဲ့ကြောင်းသိရှိရသည်။
    အဆိုပါပိုက်ဆံအိတ်အတွင်းပါယူရိုငွေ (၇၀) မြန်မာငွေ(၁၁၀၀၀၀ိ/-) အကြွေကတ် Credit (၁)ကတ်လျှင် USဒေါ်လာ(၁၀၀၀) ကျန် (၃)ကတ် တို့အား မေလ(၈)ရက်(၁၇၃၀)
နာရီအချိန်တွင် ပခုက္ကူမြို့မရဲစခန်းမှူး နယ် ထိန်းခေါင်းဆောင်အဖွဲ့ ယာဉ်ပိုင်ရှင်တို့က ပိုက်ဆံအိတ် ပိုင်ရှင်ဖြစ်သူ ဂျပန်နိုင်သားအား ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ပခုက္ကူ    မေ    ၈
                              
         ခရိုင်ပြန် / ဆက်

0 comments:

Post a Comment