ဂန့်ဂေါ မေ ၁၇
မြန်မာရေလုပ်သား ဒုက္ခသည်တစ်ဦးဖြစ်သည့်
ဂန့်ဂေါမြို့နယ်မှ မောင်အောင်မျိုးနိုင်သည် အင်ဒိုနီးရှား နိုင်ငံတွင်
လူကုန်ကူးခံရပြီး အဓမ္မစေခိုင်းခံရရာမှ ဒုက္ခသည်များကို ကမ္ဘောဇဘဏ်၏
အကူအညီဖြင့် မြန်မာနိုင်ငံ သို့ပြန်လည်ရောက်ရှိနိုင်ခဲ့ပြီး
သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အကူအညီဖြင့် ရန်ကုန်- မကွေး- မုံရွာ- ဂန့်ဂေါ
ခရီးစဉ်ဖြင့် မေ ၁၇ ရက်တွင် ဂန့်ဂေါမြို့သို့ ပြန်လည်ရောက်ရှိလာသည်။အဆိုပါ မောင်အောင်မျိုးနိုင်အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များက တွေ့ဆုံအားပေးစကားများပြောကြားပြီး ထောက်ပံ့မှုများဆောင်ရွက်ကာ ၄င်း၏ ဇာတိဖြစ်သော ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာအုပ်စု ကုန်းရွာသို့အရောက် ပို့ဆောင်အပ်နှံပေးခဲ့ကြောင်း သိရသည်။
မောင်အောင်မျိုးနိုင်သည် ကုန်းရွာနေ ဦးညိုဝင်းနှင့် ဇနီး ဒေါ်အေးကြိုင်တို့၏ သား ဖြစ်၍ မိရိုးဖလာ တောင်သူလုပ်ငန်းနှင့် ပန်းရံလုပ်ငန်းကို လုပ်ကိုင်သွားမည်ဟု ဆိုသည်။ မကွေးသတင်းစုံ
0 comments:
Post a Comment