မကွေး မေ
၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ
ဒေါ်မြတ်မြတ် အုန်းခင်သည် တာဝန်ရှိသူများနှင့်အတူ မေ ၁၆ ရက်ကမကွေးမြို့ ကလေးပြုစုရေးဌာန၌
အရာထမ်း၊အမှုထမ်းများ၊ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားပြီး ဌာနပိုင်ကလေး
များကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍
မူကြိုကျောင်း တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီး ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးရုံးနှင့်တိုင်းဒေသကြီးကယ်ဆယ်ရေးဂိုဒေါင်ကို
ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။မေ ၁၇ ရက်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ
ဘိုးဘွားရိပ်သာ ခြောက်ခု၊လူငယ် ပရဟိတဂေဟာ ကိုးခု ၊မသန်စွမ်းဂေဟာ တစ်ခုနှင့်ကိုယ်အားကိုယ်ကိုး
မူကြိုကျောင်း ၅၂ ကျောင်းတို့အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် ၇၈၉ဒသမ၇၂သိန်း၊
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဆိပ်ဖြူမြို့နယ်၊နတ်မောက်မြို့နယ်၊ရေစကြိုမြို့နယ်၊အောင်လံမြို့နယ်၊ပေါက်မြို့နယ်၊ပခုက္ကူမြို့နယ်
နှင့်မင်းလှမြို့နယ်များအတွင်းရှိ ကျေးရွာ ၃၀ ၌ ဧပြီလအတွင်း လေပြင်းတိုက်ခတ်ခဲ့သောကြောင့်
လေဘေးသင့်အိမ်ထောင်စု ၃၀၈ စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၁၅၄ သိန်း၊ဆန်ရိက္ခာဖိုး
ငွေကျပ် ၉ ဒသမ ၇၇၈၅ သိန်းနှင့် ၂၈ သိန်းခန့်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများ၊ မြိုင်မြို့နယ်အတွင်းရှိ
ဌေးအောင်ရွာ၊ပန်းတော်ပြင်ရွာ၊ပန်းစွာကျေးရွာ၊ ချောင်းဆုံကျေးရွာ၊အေးချမ်းသာ စံပြကျေးရွာနှင့်ဘုန်းကြီးကန်ကျေးရွာများ၌
မေ ၈ ရက်က လေပြင်းတိုက်ခတ်ခဲ့သောကြောင့် လေဘေးသင့် ဘုန်းကြီးကျောင်း တစ်ကျောင်း၊ အိမ်ထောင်စု
၁၀၇ စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၅၄ ဒသမ၁ သိန်း၊ဆန်ရိက္ခာဖိုးငွေကျပ် ၃ ဒသမ၄၈၇၅
သိန်းနှင့် ၁၀ သိန်းခန့်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်းထောက်ပံ့ငွေကျပ်
၁၀၁၁ ဒသမ ၀၈၆ သိန်းနှင့်သိန်း ၁၃၀ ခန့်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်သူများထံ
ထောက်ပံ့ပေးခဲ့သည်။
ဆက်လက်၍
မူကြိုကျောင်းနှင့်ဓမ္မာရုံတို့၌ ဖွင့်လှစ်ထားသော လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေး
စေတနာဝန်ထမ်း လူငယ်များမွန်းမံသင်တန်း(၄/၂၀၁၅)သို့ တက်ရောက်နေသော လူငယ်မောင်မယ် ၁၂၀
တို့ကို အားပေးစကားပြောကြားခဲ့သည်။
ထို့နောက်
တိုင်းဒေသကြီးမိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးရုံး၌ သစ်သီးမျိုးစုံ ယိုထိုးခြင်းလုပ်ငန်း သင်တန်းပို့ချနေမှုကို
ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment