မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ အာဏါရပါတီတစ်ခုဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏စည်းရုံးရေးမှူးများသည် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လိမ်ညာလှည့်ဖြားခြင်းများပြုလု ပ်ပြီး ပါတီဝင်အသင်းသားကဒ်များပြုလုပ်ေ ပးနေကြောင်းသိရသည်။
တောင်တွင်းကြီးမြို့ပေါ်ရှိ ရပ်ကွက်(၁၀)ရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၇၅ ရွာသို့ သက်ဆိုင်ရာ ပြည်ခိုင်ဖြိုးပါတီ၏စည်းရုံးရေး မှူးများမှ မှတ်ပုံတင်ပြုလုပ်ပေးမည်၊ ချေးငွေများပေးမည်ဟု မက်လုံးပေးပြီး ၄င်းတို့ယူဆောင်လာသောကင်မရာဖြင့်  လိုင်စင်ဓါတ်ပုံများရိုက်ယူသွား ကြောင်းသိရပါတယ်။
''
၂၀၁၅ ခုနှစ် မေလဆန်းလောက်က မှတ်ပုံတင်မရှိသူတွေကို မှတ်ပုံတင်လုပ်ပေးဖို့ဆိုပြီး ဓါတ်ပုံတစ်ပုံရိုက်ယူသွားပါတယ်။ အခုမေလ ၁၈ရက်နေ့ညနေပိုင်းမှာတော့ ပြည်ခိုင်ဖြိုးပါတီအသင်းဝင်ကဒ်ြ ပားကို လာရောက်ပေးသွားတယ်ဗျာ၊ ဒီလိုကလိန်ကကျစ်လုပ်ရပ်တွေကိုေ တာ့ အရမ်းမုန်းတယ်''ဟု ရွှေအိုး(၁)ရပ်ကွက်မှ ပါတီကဒ်ပြားရရှိခဲ့သူတစ်ဦးမှဆိုသည်။ အဆိုပါကဒ်ပေါ်တွင်ပါရှိသော လက်မှတ်များမှာလည်း သက်ဆိုင်ရာပြည်သူများ၏ လက်မှတ်မဟုတ်ဘဲ လက်မှတ်အတုများထိုးပေးထားခြင်းေ ကြာင်းသိရသည်။ ပါတီသို့စတင်ဝင်ရောက်သည့် ရက်စွဲမှာလည်း ၂၀၁၄ ခုနှစ် ဇူလိုင်လတွင်ထုတ်ပေးထားကြောင်းေ တွ့ရသည်။
လာရောက်စည်းရုံးခြင်းခံရသောပြည် သူအချို့မှာ ချေးငွေရမည်ကိုမျှော်ကိုးပြီး ဓါတ်ပုံအရိုက်ခံသူများဖြစ်ကြသလို မိမိတို့၏သဘောဆန္ဒမပါဘဲ ပါတီဝင်ဖြစ်ရခြင်းအား မကျေနပ်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။
တောင်တွင်းကြီးမြို့ပေါ်ရှိ ရပ်ကွက်(၁၀)ရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၇၅ ရွာသို့ သက်ဆိုင်ရာ ပြည်ခိုင်ဖြိုးပါတီ၏စည်းရုံးရေး
''
၂၀၁၅ ခုနှစ် မေလဆန်းလောက်က မှတ်ပုံတင်မရှိသူတွေကို မှတ်ပုံတင်လုပ်ပေးဖို့ဆိုပြီး ဓါတ်ပုံတစ်ပုံရိုက်ယူသွားပါတယ်။ အခုမေလ ၁၈ရက်နေ့ညနေပိုင်းမှာတော့ ပြည်ခိုင်ဖြိုးပါတီအသင်းဝင်ကဒ်ြ
လာရောက်စည်းရုံးခြင်းခံရသောပြည်
အေကေကေ(တောင်တွင်း)
0 comments:
Post a Comment