၂၀၁၅ ခုနှစ်၊ မေလ ၁၈ ရက်နေ့ ညနေ (၆) နာရီခွဲအချိန်ခန့်တွင်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှ
ရဲတပ်ဖွဲ့ဝင်များသည် ရဲစခန်းရှေ့လမ်းပေါ်တွင် မင်းလှမြို့ နယ်၊ ကျောက်ထစ်
ရေနံမှော်တွင် နေထိုင်သူ မောင်ဝင်း(၃၇)နှစ်အား မသင်္ကာဖွယ်တွေ့ရှိရသဖြင့်
သက်သေများနှင့်အတူ စစ်ဆေးရာ မောင်ဝင်း၏ လွယ်အိတ်အတွင်းမှ အရိုးအသွား
(၁၃)လက်မခွဲ ခန့်ရှိ သစ်သားရိုးတပ် ဓါးဦးချွန်ဓါးမြှောင် (၁)ချောင်းအား
ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် မောင်ဝင်းအား မင်းလှမြို့နယ်၊
ရေနံမနယ်မြေရဲစခန်း(ပ)၅၅/၂၀၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုရေးဖွင့် ဆောင်
ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။ မကွေးသတင်းစုံ
0 comments:
Post a Comment