ပခုက္ကူ မေ
၂၆
(၈၉၈)ကြိမ်မြောက် ပခုက္ကူမြို. သီဟိုရှင်မြတ်စွာဘုရားဗုဒ္ဓပူစရိယပွဲတော်ကြီးကို
၁၃၇၇ ခုနှစ် နယုန်
လဆန်း(၈)ရက်နေ.မှ
လပြည့်ကျော်(၁၄)ရက်နေ.အထိနေ.ညဇာတ်ပွဲ၊အငြိမ့်ပွဲ၊ပျော်ပွဲ၊ရွှင်ပွဲများနှင့်ဆွမ်းသပိတ်
လောင်းလှူပွဲကိုစည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
သီဟိုရှင်မြတ်စွာဘုရားဗုဒ္ဓပူစရိယပွဲတော်ကြီးကိုနေ.ခင်းပိုင်းတွင်ချား၊ရဟတ်၊မျက်လှည့်ဖျော်ဖြေ
ရေးအဖွဲ.များ
နှင့်ညပိုင်းတွင် နိုင်ငံကျော်ဇာတ်မင်သားလေးဖိုးချစ် ဇာတ်ပွဲအကပဒေသာများကိုနယုန်လဆန်း
(၁၄)ရက်မှလပြည့်ကျော်(၁၄)ရက်နေ.အထိ(၁၀)ညတိုင်တိုင်ကပြဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်းသိရှိရပြီးအဝတ်ထည်နှင့်လူသုံးကုန်ပစ္စည်းဆိုင်၊စားသောက်ဆိုင်၊တောင်သူလယ်ယာသုံးပစ္စည်းအရောင်းဆိုင်ခန်းများနှင့်
ဈေးဆိုင်ကြီး/သေး(၂၀၀၀)ကျော်ပါဝင်လျက်ရှိကြောင်းသိရသည်။
သီဟိုဠ်ရှင်မြတ်စွာဘုရားဗုဒ္ဓပူစရိယပွဲတော်ကြီးသည်
ပခုက္ကူမြို.နယ်တွင် အစည်ကားဆုံးဘုရားပွဲ
တော်ကြီးဖြစ်ပြီးအစဉ်လာမပျက်
နှစ်စဉ်နှစ်တိုင်းနယုန်လပြည့်နေ.တိုင်းဘုရားပွဲအထိမ်းအမှတ်ဖြစ် ပခုက္ကူမြို.
ပေါ်ရှိစာသင်တိုက်ကြီး(၃)တိုက်
နှင့်မြို.ပေါ်ရှိဘုန်းတော်ကြီးကျောင်းများ၊မြို.အနီးတဝိုက်ရှိ ကျေးရွာဘုန်းတော်
ကြီးကျောင်းမှ
သံယာတော်အပါး(၂၀၀၀)ကျော်ပင့်ဖိတ်ပြီးဆွမ်းသပိတ်လုံးများကပ်လှူပူဇော်ခဲ့ကြသည်။
မြို.အ
နီးတဝိုက်ရှိကျေးရွာတောင်သူများမှ
လှည်းများဖြင့်လာရောက်ကာညနေညအိပ်နေပြီးဆွမ်းချက်ကာဆွမ်းဆန်
စိမ်းလောင်းလှူခြင်း၊ဆွမ်းလောင်းလှူခြင်းနှင့်
တစ်နှစ်စာတောင်သူလုပ်ငန်းခွင်သုံးစပါးကျီဆောက်လုပ်သည်မှစ
၍ထွန်တုံး၊ထွန်တံ၊နှံတံ၊ထွန်သွား၊ထယ်သွား၊ဂေါ်ပြား၊ပေါက်ပြား၊နွားအလှဆင်ပန်းကုံးများကို
ဘုရားပွဲတော်လာ
နယ်သူ၊နယ်သားများ
နှစ်ပတ်လည်စာစုဆောင်းဝယ်ခြမ်းလေ့ရှိသောပွဲတော်တစ်ရပ်ဖြစ်သည်ဟုဂေါပကအဖွဲ. ထံမှသိရသည်။
ဥာဏ်တိုး(iprd)
0 comments:
Post a Comment