Monday, May 11, 2015

မကွေးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအသိပညာပေး ပူးပေါင်းဆောင်ရွက်မှုသင်တန်း



မကွေး     မေ     ၉
    မကွေးမြို့ မြို့မရဲစခန်းတွင် ယနေ့နံနက်က ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအသိပညာပေး ပူးပေါင်းဆောင်ရွက်မှုသင်တန်း ၁/၂၀၁၅ကိုဖွင့်လှစ်ပါသည်။ သင်တန်းဖွင့်ပွဲတွင် မကွေးမြို့နယ်
ရဲတပ်ဖွဲ့မှူး ဦးဇော်ဌေးဦးက ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအသိပညာပေး ပူးပေါင်းဆောင်ရွက်မှု
သင်တန်း ၁/၂၀၁၅ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
    အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအသိပညာပေး ပူးပေါင်းဆောင်ရွက်မှုသင်တန်းကို မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဇော်ဌေးဦး၊ ရဲအုပ်ခင်မောင်ဝင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိ ၊ မြို့နယ်ဥပဒေအရာရှိတို့က သင်တန်းပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ ၉.၅.၂၀၁၅ရက်နေ့မှ ၁၃.၅.၂၀၁၅ရက်နေ့ထိဖြစ်ပါသည်။
    ယင်းသင်တန်းသို့ မကွေးမြို့နယ်အတွင်းရှိ မြို့မရဲစခန်း၊ မိကျောင်းရဲနယ်မြေရဲစခန်း၊ညောင်ကန် နယ်မြေရဲစခန်း၊ သစ်ရာကောက်ရဲကင်းစခန်း၊ ယင်းရဲကင်းစခန်း မြင်ကွန်းရဲကင်းစခန်းတို့မှ သင်တန်းသားရဲအရာရှိနှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်း (၃၇)ဦးတက်ရောက်မည်ဖြစ်ကြောင်းသိရသည်။
ညီညီမောင်

0 comments:

Post a Comment