မကွေးတိုင်းဒေသကြီးသရက်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှရွေးကောက်ပွဲဆိုင်ရာအသိပညာပေးအစီအစဉ်ကိုမေ၂၈ရက်နံနက်၁၀နာရီကသရက်ခရိုင်သရက်မြို့နယ်ကော်မရှင်ရုံးခန်းမတွင်ကျင်းပပြုလုပ်သည်။
အဆိုပါရွေးကောက်ပွဲဆိုင်ရာအသိပညာပေးအစီအစဉ်တွင်မကွေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္က္တဌဦးကြည်စိန်မှအမှာစကားပြောကြားပြီးမြို့နယ်အဆင့်နှင့်ရပ်ကွက်ကျေးရွာအုပ်စုလုပ်ငန်းလမ်းညွှန်ချက်များမဲရုံမှူးဒုတိယမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအားလုပ်ငန်းလမ်းညွှန်ချက်များကိုဆွေးနွေးပို့ချကြောင်းသိရသည်။
"မကွေးတိုင်းရွေးကောက်ပွဲကော်မရှင်အနေနဲ့တိုင်းအတွင်းမှာဘာပြဿနာမှမရှိဘဲရွေးကောက်ပွဲကိုအောင်အောင်မြင်မြင်ကျင်းပပြုလုပ်ကြမှာဖြစ်တဲ့အတွက်အဆင့်ဆင့်အကောင်အထည်ဖော်ရာမှာချောချာမောမောဖြစ်အောင်ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ဝိုင်းဝန်းကာဆောင်ရွက်ကြစေချင်ပါတယ်"ဟုတိုင်းကော်မရှင်အဖွဲ့ခွဲဥက္ကဌမှအမှာစကားတွင်ထည့်သွင်းပြောကြားသည်။
မကွေးတိုင်းအတွင်းအတွင်းတွင်မဲ
ရုံးပေါင်း၄၄၆၀ရှိရာအခြေခံမဲစာ
ရင်းလူဦးရေ၂၈၈၀၀၀၀ကျော်ခန့်နှ
င့်နိုင်ငံရေးပါတီ၁၄ပါတီရှိပြီး
ဇွန်၈ရက်နေ့မှစတင်ကာမဲစာရင်းမျာ
းကပ်ထားပေးမည်ဖြစ်ကြောင်းသိရသည်
။
၎င်းရွေးကောက်ပွဲဆိုင်ရာအသိပညာေ
ပးအစီအစဉ်သို့မြို့နယ်ကော်မရှင်
အဖွဲ့ခွဲများနိုင်ငံရေးပါတီများ
အရပ်ဘက်လူမှု့အဖွဲ့အစည်းများတက်ေ
ရာက်ကြောင်းသိရသည်။
ညီမှူးအိမ်(အောင်လံ)
0 comments:
Post a Comment